Chapter-9

66.4K 4.3K 247
                                    

"ဦးမျိုး ကျတော်ဒီနေ့ ဘာ schedule တွေရှိတာလဲ"

"ဒီနေ့က cosmetics ကြော်ငြာတစ်ခုအတွက် ပိုင်ရှင်နဲ့တွေ့ရမယ်ကလေး ပြီးရင်တော့ လက်ဝှေ့ရုံကိုတန်းသွားရမယ်..မနက်က ကိုသီဟက ဒီနေ့လာပါဆိုပြီး ဖုန်းဆက်ထားတယ်..စစချင်းနေ့ဆိုတော့ နည်းနည်းစောသွားလိုက်တာကောင်းမယ်..တော်ကြာနောက်ကျနေရင် ဟိုတစ်ယောက်က အမြင်မကြည်ဖြစ်နေဦးမယ်"

"အဲ့ Blade ဆိုတဲ့တစ်ယောက်က ကြမ်းကြမ်းတမ်းတမ်းကြီးနော် ဥဒါန်းနဲ့ ရေရှည်ဆက်သွားလို့ အဆင်ပြေပါ့မလား.. သူဆီမှာ training တောင်မဆင်းရသေးဘူး သဟောက်သဟနဲ့ ကိုယ်တွေရဲ့ကလေးကို"

မနှင်းကပါ သူစိတ်ပူတဲ့အကြောင်းကို ဝင်ပြောလာတယ်။ ကိုမျိုးလည်း အနည်းငယ်တော့ စိတ်ပူနေမိသား။ ဒါပေမဲ့ CEO ကဘယ်လိုတွေဖြစ်မှန်းကိုမသိ။ Blade မှ Blade ကိုဖြစ်နေတာ။သွားတွေ့တဲ့ နေ့ကလည်း ဟိုတစ်ယောက်က training အချိန်တွေကသတ်မှတ်ထားတာမရှိဘူး သူဖုန်းဆက်တာနဲ့ လာရမှာပဲလို့ ပြောလိုက်တာကိုတောင် လက်ခံလာတယ်။

ကိုယ်တွေရဲ့ကလေးကလည်း လောလောဆယ်မှာ schedule တွေက သိပ်မရှိတော့ တစ်ပတ်မှာ နှစ်ရက်လောက်ပဲ အလုပ်ကရှိနေတာ။ ကျန်တဲ့အချိန်တွေကအကုန် လေ့ကျင့်ရေး
ဘက်ကို အာရုံစိုက်လို့ရတဲ့ အနေအထားဖြစ်နေတော့ ငြင်းဖို့အကြောင်းပြချက်က ရှိမနေပြန်။

"အဓိကက ကလေးအဆင်ပြေဖို့က အရေးကြီးဆုံးပဲသိလား တခြားဘာမှတွေးစရာမလိုဘူး ...ဒီတစ်ခုအဆင်မပြေလည်း ဘာမှမဖြစ်ဘူး နောက်ထပ် role တွေဦးမျိုးတို့ ထပ်ရှာလို့ရတာပဲ...."

"ဟင့်အင်းမဖြစ်ဘူး ဦးမျိုး ကျတော်ဒီကာရိုက်တာကို တကယ် သရုပ်ဆောင်ချင်တယ် ပြီးတော့ Director ကိုယ်တိုင်ကပါ တခြားသူတွေနဲ့ ဆန့်ကျင်ပြီး ကျတော်ကိုဒီဇာတ်ရုပ်အတွက် ယုံကြည်ပြီးရွေးထားတာ။ ကျတော်လုပ်နိုင်တယ်ဆိုတာကို အားလုံးကိုပြချင်တယ်"

"ပြီးတော့..Blade နဲ့ဆက်ဆံရေးကလည်း အဲ့လောက်အဆိုးကြီးတော့ မဟုတ်ပါဘူး။ သူကအဲ့လိုပဲ ပြောတတ်ဆိုတတ်တဲ့ပုံပါ။ ဘာပဲဖြစ်ဖြစ် ဥဒါန်းကို ကူညီပေးထားတာပဲလေနော်"

"အင်းပါ...ကျန်တာတော့ ဦးမျိုးမပြောတော့ဘူး ထိခိုက်တာမရှိအောင်ပဲ ဂရုစိုက်..နဂိုတည်းကလူက သေးသေးလေးရယ်"

Blade (ဓါးသွား)Donde viven las historias. Descúbrelo ahora