Chapter 22

75.6K 4K 481
                                    

"အားလုံးပဲ မင်္ဂလာညနေခင်းပါခင်ဗျာ...မကြာမှီအချိန်အတွင်းမှာ ဒီနေ့ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ Blade နဲ့ shadow တို့ရဲ့ထိုးသတ်မယ့်ပွဲစဉ်ကိုကြည့်ရတော့မှာပဲ ဖြစ်ပါတယ်ခင်ဗျာ"

ဒီနေ့ရဲ့ပွဲစဉ်က လောင်ကြေးလည်းကြီးသလို ပြင်းထန်မှုတွေပါ ရှိလာနိုင်တာကြောင့် ပရိတ်သတ်တွေက လုံးဝကိုစိတ်လှုပ်ရှားနေကြတယ်။ Shadow ဆိုတာက middle weight တန်းရဲ့ ခါးပတ်ချန်ပီယံဖြစ်သလို Blade ကလည်း heavy weight တန်းရဲ့ချန်ပီယံ။ နှစ်စပိုင်းတည်းက shadow ကလေ့ကျင့်နေပြီး weight တန်းတက်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းသဲ့သဲ့ ထွက်နေတာ။ middle weight တန်းရဲ့ ချန်ပီယံက စိန်ခေါ်တာကြောင့် Blade ကလည်းကျိန်းသေပေါက်ကို ငြင်းမှာမဟုတ်။ တစ်ယောက်ကလည်း ခါးပတ်ကိုကာကွယ်ရမှာ ဖြစ်သလို တစ်ယောက်ကလည်း တစ်ဆင့်တက်နိုင်မယ့် အခွင်းအရေးဆိုတော့ ဒီညပွဲကတော့ အရမ်းကိုကြည့်ကောင်းတော့မှာ သေချာတယ်။

"Blade...ဥဒါန်း ဖုန်းဆက်နေတာကြာပြီ...ကိုင်လိုက်ရမလား"

"ထားလိုက်မကိုင်နဲ့ ...ဒီကအသံတွေပါကြားရင် အဲ့တစ်ယောက် ပိုစိတ်ပူနေလိမ့်မယ်...ပွဲပြီးမှပဲဆက်လိုက်တော့"

ပွဲထဲမှာက ပရိတ်သတ်တွေရဲ့ အသံတွေရော announcer ရဲ့ပွဲစဉ်ကြေငြာသံတွေနဲ့ရောပါ ဆူညံနေတာကြောင့် ဖုန်းကိုင်လိုက်ရင် အခြေအနေအကုန်လုံး အတိုင်းသားကြားရမယ်။ ပြီးတော့ ကိုယ်ကိုတိုင်ကလည်း သူဆီကစိတ်ပူနေတဲ့အသံ မကြားချင်ဘူး။ မနေ့ကတွေ့တည်းက အဲ့တစ်ယောက် မျက်နှာကအခြေအနေမကောင်းအောင်ကို ပျက်နေတာ။ တစ်ခုခုဆို အရမ်းတွေးပြီး ကိုယ့်ကိုတော့ ဘာမှမပြော။ လက်ကိုတော့ ဘယ်ကရလာမှန်းမသိတဲ့ အနက်ရောင်လက်ပတ်တစ်ခု ဝတ်ပေးလိုက်တာပဲ။

"Blade..ဒါလေး ဝတ်သွားနော်..ပွဲစဉ်တစ်ခုလုံး Blade ဘေးနားမှာ ဥဒါန်းရှိနေတယ်လို့ တွေးထား..ဥဒါန်းက Blade ကိုကာကွယ်ပေးမှာ " ဆိုပြီး မှာလိုက်သေးတာ။ ကိုယ့်လက်ကို အတင်းဆွဲပြီး ဝတ်ပေးနေတော့ ဘာမှကိုပြန်မပြောနိုင်တော့ပဲ ငြိမ်ခံပြီးသာဝတ်လာရတယ်။ ပုံမှန်ဆို ဒီကောင်က လက်ပတ်လို Accessories မျိုးတွေ ဝတ်တဲ့ကောင်မဟုတ်။ နုနုရွရွတွေ။လက်ဝှေ့သမားနဲ့လည်း မလိုက်မဖတ်။ အခုတော့ ဥဒါန်းသွင်နဲ့တွေ့မှပဲ လက်ပတ်တွေဘာတွေ တချိန်လုံးကို ဝတ်ထားရတော့မယ်ပုံ။

Blade (ဓါးသွား)Donde viven las historias. Descúbrelo ahora