Chapter-56

60.7K 2.9K 319
                                    


"TP ရုံးပိတ်ရက် အသိပေးခြင်း"

မတ်လ ၅ရက်နေ့မှ ၇ရက်နေ့အထိ ဝန်ထမ်းများအားလုံး အရေးကြီးခရီးစဉ်ရှိနေသောကြောင့် မတ်လ၈ရက်နေ့မှသာ ပုံမှန်အတိုင်း လုပ်ငန်းများ ပြတ်လည်ပတ်ပါမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ် ခင်ဗျာ.......

TP ၏ Official website မှာတင်ထားသည့် ရုတ်တရက် ရက်ရှည် ရုံးပိတ်ရက်ကြော်ငြာကြောင့် လုပ်ငန်းရှင်အချို့ဆီက မကျေမနပ်တစ်ချို့ ထွက်လာကြသည်။ ဘယ်နဲ့ ဒီလောက်အလုပ်များနေသည့် ကာလကြီးကို အဲ့လောက်ထိ ရုံးပိတ်ရက်ရှည် ယူကြရသလား။ သူတို့ CEO ကလည်း ခွင့်ပြုတယ်တဲ့လား။

"ဂျာကြီး ကျွန်တော်တို့ရုံးပိတ်ရက် ကြော်ငြာလိုက်တာ ပွက်လောရိုက်သွားပြီ။ Complain တွေတက်လာမယ့် ခြေသံတွေကြားတယ်မလား"

"အဲ့လိုဆိုလည်း ကျန်ခဲ့ချင်တဲ့သူကျန်ခဲ့လေ ငါကတော့ Cap ရဲ့ Wedding ကို လိုက်ကိုသွားရမှ ဖြစ်မှာ"

"အောင်မလေး တက်ချင်သလောက်ပြဿနာတက် ကျွန်မတို့လည်း လိုက်မှာပဲ။ ပြန်လာမှပဲ အားလုံးပြန်ရှင်းကြတာပေါ့...ပူနေတဲ့သူတွေကျန်ခဲ့ တို့ကတော့ ကမ်းခြေကို သွားပြီး မင်္ဂလာပွဲကို ဆင်နွှဲရမှဖြစ်မယ်"

Captain ကအစတည်းက သူ့မင်္ဂလာပွဲလိုက်မယ့်သူတွေအားလုံးအတွက် FOC လို့ပြောထားပြီးသား။ FOC မဟုတ်လည်း ဒီကလူတွေက သူတို့ရဲ့အပေါက်ဆိုးဆိုး Cap ကိုချစ်ကြတော့ ရတဲ့နည်းလမ်းနဲ့ လိုက်ကြမယ့်သူတွေချည်းပဲ။

အခုလိုစားစရိတ်ငြိမ်းနဲ့ ကမ်းခြေမှာ အပန်းလည်းဖြေနိုင်မယ်ဆိုတော့ ပိုလို့တောင်လိုက်ကြတာပေါ့။ TP မှာက မဟုတ်လည်း နှစ်တိုင်း Trip ရှိတယ် ဝန်ထမ်းတွေအတွက်။ ဒီနှစ်ကတော့ Cap ရဲ့ Wedding ရှိနေတော့ တစ်ခါတည်း တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့။

"ဟုတ်ပြီ အဲ့တာဆို လိုက်မယ့်သူတွေကို ကြိုပြောထားမယ်..၅ရက်နေ့ ညနေသုံးနာရီမှာ Cap တို့ရဲ့ လက်ဝှေ့ရုံအရှေ့ကို အရောက်လာခဲ့ကြပါ။ နောက်မကျစေနဲ့ ...အဲ့ကနေပဲကားတွေအကုန်ထွက်မယ်။ ဟိုတယ်မှာ ကြိုက်တဲ့အခန်းကို ကြိုက်တဲ့သူနဲ့တွဲနေလို့ရတယ်။ Hotel နှစ်ခုတောင် ငှါးပေးထားတယ် Cap က။ ဆိုချင်ကချင်တဲ့သူတွေလည်း ငါ့ကိုကြိုပြီးစာရင်းလာပေးထား။ ဖျော်ဖြေရေးပါရှိမှာဆိုတော့"

Blade (ဓါးသွား)Onde histórias criam vida. Descubra agora