"Boss ရေ..Blade ကအခုမှ ထွက်လာမှာတဲ့"
"ဪ..အေး..အေး..လာနေပြီဆို ပြီးတာပဲ"
ဥဒါန်းတို့ တစ်အုပ်လုံးအခု ကိုသီဟတို့ရဲ့ လက်ဝှေ့ရုံကို training ကိစ္စတွေ အသေးစိတ်ပြောဖို့ ရောက်နေကြတာ။ သူနဲ့ကိုယ်နဲ့က timetable ညှိရမှာတွေလည်းရှိတော့ မျက်နှာချင်းဆိုင် ပြောမှလည်း ရမှာမို့။
"ကျတော်က အစက ကိုရဲလွင် ပါမလာလောက်ဘူးထင်နေတာ ဥဒါန်းတို့ပဲ လာမယ်ထင်နေတာ"
"ဟုတ်တယ်ဗျ....ကလေးတွေချည်းပဲ လွှတ်လိုက်ရင် တော်ကြာ အဆင်မပြေမှာစိုးလို့လေ"
CEO တို့က အပိုလုပ်ပြီလို့ ကိုမျိုးတွေးလိုက်တယ်။ သူ့ဟာသူ ဥဒါန်းအဆင်မပြေမှာကို စိတ်ပူလို့ လိုက်လာကြည့်တာလို့ ပြောလိုက်လည်း ပြီးနေတာပဲကို။ လူကြီးအနေနဲ့ ကိုယ်တစ်ယောက်လုံးလည်းပါတာပဲ။သူလိုက်မလာလည်း ရတဲ့ကိစ္စ။ သူ့မင်းသား နုနုရွရွလေးကို စိတ်ပူနေတာ အဲ့ဒါ။အပြောသာဆိုးပေမယ့် CEO က ဥဒါန်းကိုတော့ ဂရုစိုက်ပါတယ်။
"ကိုသီဟ ပြီးရင် ဥဒါန်းတို့အဖွဲ့ကို လက်ဝှေ့ရုံထဲ လိုက်ပြထားလိုက်ဦး..တော်ကြာ ဟိုကသူရောက်လာမှ လိုက်ပြနေရရင် ..စိတ်တိုနေဦးမယ်"
"ဟုတ်ကဲ့..Boss"
ကိုသီဟက အရင်ထလိုက်ပြီး ရှေ့ကနေ အရင်ဦးဆောင်ထွက်လာခဲ့တယ်။ ကိုသီဟ နောက်မှာတော့ ဥဒါန်းတို့ လေးယောက်ကတန်းစီပြီးသာ လိုက်သွားလိုက်သွားလိုက်တယ်။ CEO နဲ့ Boss ကတော့ ရုံခန်းထဲမှာ စကားပြောကျန်ခဲ့ကြတယ်။
"ဒါကတော့ ...သင်တန်းသား အသစ်တွေ train ပေးတဲ့နေရာ ဥဒါန်း..အခုက ပိတ်ရက်ဆိုတော့ လူမရှိဘူးဖြစ်နေတာ..Mon to Fri ကတော့ လူများမှာ"
ဥဒါန်းလှမ်းကြည့်လိုက်တော့ ကြမ်းပြင်မှာ အလေးတုံးတွေရော၊ weight မတဲ့အပြားတွေရော ပြန့်ကျဲလို့။ လက်ဝှေ့ထိုးတဲ့ Punching Bag တွေလည်း အများကြီးပဲ။ လက်ဝှေ့ရုံကတော့ အတော်ကိုကျယ်တာပါ။
"ဒါက Locker room၊ ဥဒါန်းအတွက်လည်း Locker တစ်ခုပေးထားမယ်..ဟိုဘက်က ကစားသမားတွေ လေ့ကျင့်တဲ့နေရာ..Blade နဲ့ ကိုဖိုးခေတ်က အဲ့မှာပဲလေ့ကျင့်နေကြတယ်...ဒီဘက်က ကြိုးဝိုင်း...တခါတလေ ကျတော်တို့ အပျော်သဘောနဲ့ လောင်ကြေးစားကြေး ယှဉ်ထိုးကြတဲ့နေရာလည်း ဟုတ်တယ်"
KAMU SEDANG MEMBACA
Blade (ဓါးသွား)
Romansa"ဥဒါန်း ကို စိတ်ဝင်စားနေတာလား" "မပြောတတ်ဘူး....လောလောဆယ်တော့ ခင်ဗျားကို တစ်စစီဖြစ်သွားအောင် ဖျက်ဆီးပစ်ချင်နေတယ်" Started- 6.11.2022 Ended - 23.3.2023 Total Episodes- 62 episodes