Chapter-23

71.9K 4.2K 742
                                    

"ဟာ.. Blade ...မတွေ့ရတာတောင်ကြာပြီ ငါ့ကောင်ကြီး..အဆင်ပြေနေတယ်လို့ သတင်းတွေကြားတယ်နော်"

အခန်းထဲကိုBlade ဝင်သွားတာနဲ့ရင်းနှီးနေတဲ့ မျက်နှာသိ လက်ဝှေ့သမားအချို့က လှမ်းနှုတ်ဆက်သည်။ S.Hကတော့ ထုံးစံအတိုင်း ကစားသမားတွေအတွက် အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးထားတာမို့ ဘာမှတော့သိပ်ပြောစရာမရှိ။ ပါတီဆိုပေမယ့်လည်း private ဖြစ်တာမို့ စိတ်ရှုပ်စရာ ဂျာနယ်လစ်တွေလည်း မရှိ။ အခုလည်း Blade တို့လို စီနီယာကစားသမားတွေအတွက် private room သီးသန့်ပေးထားတာမို့ အေးအေးဆေးဆေး စကားပြောဖို့ အဆင်ပြေတယ်။ ဆိုးတာက တစ်ခုပဲ။ ဒေဝါဆိုတဲ့ မျက်နှာရူးကောင် တစ်ယောက်ရှိနေတော့ သိပ်တော့ စိတ်ထဲဘဝင်မကျ။ သူ့အဖေစီစဉ်ပေးထားတဲ့ပွဲမို့ အဲ့ကောင်ရှိနေတာတော့ မဆန်းပါဘူး။

"ဘာတွေလာဖောနေတာလဲ...ဘာကိုအဆင်ပြေရမှာလဲ..."

လူကမရောက်သေးဘူး သတင်းကကြိုရောက်နေပြီ။ ကိုသီဟ လက်ချက်ပဲနေမှာ။ အရေးမပါတာတွေဆို သိပ်ပါးစပ်ဖွာချင်တာ ကိုသီဟဆိုတဲ့လူက။ ကောင်းတော့ကောင်းပါတယ် ဟိုသူတောင်းစားက ဥဒါန်းသွင်နဲ့ကိုယ်နဲ့က ဘာတွေလည်းဆိုတာ တခါတည်းသိသွားတာပေါ့။

"ကို Blade ...မတွေ့တာတောင်ကြာပြီနော်..ဒီကြားထဲအရမ်းအဆင်ပြေနေတဲ့ပုံရတယ်နော်"

"အင်း..မဆိုးပါဘူး..ခံစားမှုအသစ်တစ်ခုရနေတော့ မပျင်းရဘူးပေါ့"

မျက်နှာပျက်ထွက်သွားတဲ့ ဒေဝါကြောင့် Blade စိတ်ထဲ တချက်တော့ ကျေနပ်သွားမိတယ်။ မတန်မရာ လာမှန်းနေတဲ့ သူတောင်းစားလိုကောင်။

"ဟား..ဟားး...Blade ကြီး ပြောပြပါဦးကွာ အဲ့ခံစားမှုလေးအကြောင်း...ကောင်းလား..ငါ့ကောင်ရ"

"ဘာထူးဆန်းမှာလဲ ...ဒီတိုင်း မိန်းမတွေနဲ့လိုပဲပေါ့"

အားကစားသမားတွေရဲ့ ပြိုင်ဆိုင်လိုတဲ့ စိတ်ဓာတ်က ဒီအချိန်ဆို ခေါင်းထောင်လာတတ်တာ ထိန်းလို့မရ။ ဥဒါန်းသွင်ကို မရရအောင် လိုက်နေရတဲ့ ကောင်ရှေ့မှာ ကိုယ့်နဲ့ဥဒါန်းသွင်ရဲ့ ကိစ္စတွေက ဘာမှမဟုတ်သလို ပြောပြနေရတာ တကယ်အရသာရှိတယ်။ ဟုတ်တာမဟုတ်တာ နောက်မှာအသာထား။

Blade (ဓါးသွား)Where stories live. Discover now