Chapter-15

79.3K 4.5K 250
                                    

"ဥဒါန်းသွင်! ခင်ဗျားအဲ့ကလေးကို ထားခဲ့ပြီး အခုဒီလာခဲ့"

Blade ရဲ့စိတ်တိုနေတဲ့ အသံကြီးက လက်ဝှေ့ရုံထဲ ဟိန်းခနဲထွက်လာသည်။ ဒီနေ့ ကိုသီဟက သွားစရာလေးရှိတဲ့အတွက် သူရဲ့သားလေးကို လက်ဝှေ့ရုံမှာထားခဲ့တာ။ ကလေးက ၇နှစ်သားလေးပင်မဲ့ လည်လိုက်တာလည်း မွှတ်လို့။ ဥဒါန်းရောက်လာတော့ သူ့အဖေက ဥဒါန်းကနာမည်ကြီး မင်းသားလို့ ပြောလိုက်ရော ဥဒါန်းနားကို တောက်လျှောက်ကပ်နေတာ အခုထိ။

"ကိုကိုမင်းသား သားနဲ့မဆော့တော့ဘူးလား ဟင်"

"ဆော့မှာပေါ့ ညီလေးရဲ့ ကိုကိုလေ့ကျင့်ခန်းလုပ်ရမှာမို့ ခဏသွားရဦးမယ်နော်..ပြီးရင် ညီလေးနဲ့ လာဆော့ပေးမယ်လေနော်"

"သားလည်း ကိုကိုနဲ့လိုက်ဆော့မယ်လေ မရဘူးလား"

ကလေးက ဥဒါန်းကို ဘယ်လိုမှ ခွါမရအောင်ကို ကပ်နေတော့ ဥဒါန်းလည်း မတတ်သာတဲ့အဆုံး ကလေးနားကပ်ကာတစ်ခုခုနဲ့ ခြိမ်းခြောက်လိုက်ရတယ်။

"ညီလေး ဟိုမှာဗလတောင့်တောင့်နဲ့ လူဆိုးကြီးကို တွေ့လား။ ကိုကိုလို လူကြီးကိုတောင် သူကစိတ်မရှည်ရင်မရှည်သလို ရိုက်တတ်တာ၊တော်ကြာညီလေးကို မျက်စိနောက်တယ်ဆိုပြီး ဂျိုးဂျိုးကျွတ်ကျွတ် မြည်အောင် ဝါးစားသွားရင် ဘယ်လိုလုပ်မလဲ၊ ဒီနားမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ကျန်ခဲ့နော်။ ပြီးတာနဲ့ ကိုကို ပြန်လာခဲ့မယ်"

ဥဒါန်းလည်း Blade ကိုခဏအသုံးချလိုက်ပြီး ကလေးကိုခြောက်လိုက်ရတယ်။ ကလေးက ဥဒါန်းကို နှုတ်ခမ်းတစ်ချက်မဲ့ပြီး ပြန်ကြည့်တာကြောင့် ဥဒါန်းကြောင်တောင် ဖြစ်သွားတယ်။

"ကိုကို ဒီထက်ကောင်းတဲ့ အကြောင်းပြချက်နဲ့ သားကို ခြောက်လို့မရဘူးလား၊ ကိုကိုခြောက်တဲ့ ပုံစံက KGက ကလေးတွေကိုတောင် သွားခြောက်လို့မရတော့ဘူး ကိုကိုရဲ့"

ဘယ်လိုကလေးလဲဟ။ ဒီခေတ်ကလေးတွေ အဲ့လောက်တောင် တတ်နေကြပြီလား။ ဥဒါန်းတို့တုန်းကဆို ဒေဝါကြီး လာပြီဆိုလည်းကြောက်ရ။ ကုလားသုံးကောင် မျက်စိခြောက်လုံးဆိုလည်း ကြောက်ရတာပဲ။ သူပြောကာမှ ကိုယ်တွေ ငယ်ဘဝက အတော်အသုံးမကျသလို ခံစားလိုက်ရတယ်။ဥဒါန်းတို့က ကြာနေတော့ Blade ကစိတ်မရှည်တော့ပဲ ဥဒါန်းတို့ဘေးရောက်လာတယ်။

Blade (ဓါးသွား)Tempat cerita menjadi hidup. Temukan sekarang