Chapter-42

53.1K 3.4K 117
                                    

"ဟဲ့..မင်းသားမို့လို့လား မသိဘူးနော် အသားအရေကိုတည်းက ချောမွတ်နေတာပဲ"

"အေးဟယ်....ကုသိုလ်ကံကောင်းချက်ပဲ"

ဘေးနားကနေ အမျိုးသမီးနှစ်ဦး၏ တီးတိုးစကားပြောသံတွေကို ဥဒါန်းနားထဲမှာ ကြားနေရတယ်။ ဘယ်နေရာကို ရောက်နေတာပါလိမ့်။

"သူ့ရဲ့ ဟိုဒင်းက Blade ဆိုတဲ့တစ်ယောက်မလား...အတော်ချစ်ပုံရတယ်နော် ဆေးရုံကိုရောက်လာတည်းက ပျာနေတာပဲ"

ဆေးရုံ။ ဥဒါန်းက အခုဆေးရုံကိုရောက်နေတာလား။ ဖေဖေ၊မေမေတို့နဲ့ ခရီးသွားရင်း တစ်ဖက်ကကားနဲ့ အရှိန်မထိန်းနိုင်ပဲ တိုက်မိသွားတာတော့ ဥဒါန်းသိလိုက်တယ်။ ဒါဆို ဖေဖေတို့ရော အဆင်ပြေရဲ့လား။

"သူများသားသမီးတွေများ ရုပ်လေးကလည်းချော ရထားတဲ့ဘဲကြီးကလည်း တောင့်ဖြောင့်စင်းကော့နေတာပဲဟယ်....ဘဝက ဘာလိုသေးလဲ"

ဘဲကြီး။ ဘယ်ကဘဲကြီးကို ပြောနေကြတာလဲ။ ဥဒါန်းအကြောင်းတော့ မဖြစ်နိုင်တော့ဘူး။ ဥဒါန်းကအခုချိန်အထိ ရင်ဖိုတောင် သမ်းဖူးသေးတာမဟုတ်ဘူး။

"အာ့......."

ခန္ဓာကိုယ်ကို တဖြည်းဖြည်းလှုပ်ကြည့်တော့ အနည်းငယ်မသက်သာ ခံစားလိုက်ရတာကြောင့် ဥဒါန်းနှုတ်ခမ်းကနေပြီး အသံလေးထွက်သွားသည်။ ဘေးနားက အမျိုးသမီးနှစ်ဦး၏ စကားပြောသံတွေလည်း ရုတ်တရက်ဆိုသလို ရပ်တန့်သွားတယ်။

"လူနာ..လူနာ...ကျွန်မတို့အသံကြားရလား.."

"ဟဲ့ လူနာရှင်တွေနဲ့ ဆရာဝန်ကြီးကို သွားခေါ်လိုက်တော့..လူနာနိုးလာပြီလို့"

နာစ့်က သူ့ရဲ့အဖော်ဆရာမကို လှမ်းပြောလိုက်ပုံရသည်။ ဥဒါန်းလည်း တစ်ဖြည်းဖြည်းနှင့် မျက်လုံးဖွင့်ကြည့်တော့ မျက်နှာကျက် ဖြူဖြူကိုအရင်တွေ့လိုက်ရသည်။ ဘေးဘီကို ကြည့်လိုက်တော့ ပြောင်လက်နေတဲ့ ကျွန်းဆိုဖာကြီးတွေနှင့် ပစ္စည်းတွေတင်ထားသည့် ထမင်းစားပွဲခုံရှည်ကြီးကို တွေ့ရသည်။ အခန်းကအတော်လေးကျယ်တဲ့အပြင် မီးဆိုင်းကြီးတွေရဲ့အလင်းရောင်ကြောင့် ဥဒါန်းမျက်လုံးတောင် ကျိန်းသွားတယ်။ ဘယ်ဆေးရုံကများ ဒီလိုHotel အခန်းနဲ့တူအောင် ပြင်ထားပါလိမ့်။

Blade (ဓါးသွား)Where stories live. Discover now