Chapter-57 (Final Part 1)

61.6K 3K 279
                                    

"Blade + Udan"
"6.3.2023"

မင်္ဂလာပွဲအဝင်အဝမှာ ရှိနေသည့် Photo Booth ပေါ်မှာ ရွှေအိုရောင် ကနုတ်စာလုံးလေးများနှင့် အလှဆင်ထားသည့် ရိုးရိုးရှင်းရှင်း စာတန်းလေးနှစ်ကြောင်း။ အပေါင်းလက္ခဏာလေး ကြားခံထားသည့် အမည်နာမနှစ်ခု နှင့် အမှတ်တရနေ့စွဲလေးတစ်ခုသာ။ သို့ပင်မဲ့ အရှိိန်အဝါတွေ ထွက်နေလိုက်ပုံက တကယ့်ကိုမှ ကြွားကြွားဝံ့ဖြင့် ပွဲကိုတက်ရောက်လာသည့် ပရိတ်သတ်တွေကို နှုတ်ဆက်နေသယောင်။ ထိုနေရာလေးမှာလည်း တိုးဝှေ့ဓာတ်ပုံရိုက်နေကြသည့် လူများစွာ။

အဖြူရောင်ပန်းတွေနှင့် အလှဆင်ထားသည့် လျှောက်လမ်း၊ ဘေးတစ်ဖက်တစ်ချက်ဆီမှာက လူပရိတ်သတ်တွေအတွက် နေရာချပေးထားသည့် ထိုင်ခုံတန်းဖြူဖြူလေးတွေ။ ထိုင်ခုံဖြူလေးတွေနောက်မှာမှ ချည်နှောင်ထားသည့် ဖဲပြားအဖြူရောင်လွင်လွင်လေးများစွာ။လျှောက်လမ်းရဲ့ အဆုံးမှာရှိနေသည့် Stage အဖြူရောင်ကြီး။ မင်္ဂလာပွဲတစ်ခုလုံးက အဖြူရောင်ပန်းတွေ၊အဖြူရောင်အဆင်တန်ဆာများနှင့် ခမ်းနားလွန်းနေသည်။

ထိုအဖြူရောင် ပစ္စည်းများအားလုံး၏ အပေါ်မှာတော့ ရွှေအိုရောင် စာလုံးဖောက်ထားသည့် သတို့သားနှစ်ဦး၏နာမည်။ ညနေခင်းအချိန်ကိုမှ ပင်လယ်ပြင်ကြီးကို နောက်ခံထားပြီးကျင်းပသည့် မင်္ဂလာပွဲဆိုတော့ လေတဖြူးဖြူးကလည်း တိုက်နေသည်။ ပြာလဲ့လဲ့အရောင် ကောင်းကင်ကြီးကလည်း သိပ်လှပသည့် ပန်းချီကားတစ်ခုကဲ့သို့ အသွင်ပေါ်သွားအောင် ပံ့ပိုးပေးနေသလို။

ဂုဏ်ပြုတက်ရောက်ပေးကြသည့် လူပရိတ်သတ်တွေအားလုံး၏ မျက်နှာမှာလည်း အပြုံးကိုယ်စီ။ ရယ်ကြမောကြ ပြောကြဆိုကြရင်းနှင့် ဘဝအမောတွေကို ခဏတာမေ့နိုင်သွားကြပုံရသည်။ အရာအားလုံးက သတို့သားနှစ်ဦး၏ အရှိန်အဝါကြောင့် အလိုလိုကို တင့်တယ်နေလွန်းလှသည်။

"ဟဲ့ Live မလွှင့်ကြပါနဲ့လား"

တစ်ခုရှိသည်က သတို့သားနှစ်ယောက်စလုံးက လူသိများသည့်သူများ ဖြစ်နေသည်အတွက် Privacy ကိုအထူးအလေးထားပေးမှဖြစ်မည်။ မီဒီယာသမားတွေဆိုရင် တစ်ယောက်တစ်လေမှတောင် မတွေ့ရ။ ဒါကိုကြည့်ခြင်းအားဖြင့် မင်္ဂလာပွဲကို နီးစပ်ရာ အသိုင်းအဝိုင်းက လူတွေလောက်ကိုပဲ ဖိတ်ထားပုံရတယ်။

Blade (ဓါးသွား)Tempat cerita menjadi hidup. Temukan sekarang