Mature Alert🚨လေတဖြူးဖြူးတိုက်နေသည့် ကားပေါ်မှာ Blade ကဥဒါန်းရဲ့ လက်တစ်ဖက်ကိုဆုပ်ကိုင်ထားပြီး တစ်ဖက်ကလည်း ကားစတီရာတိုင်ကိုကိုင်ထားကာ လိုရာအရပ်သို့ အမြန်ဆုံးအရှိန်နှင့်မောင်းနှင်နေသည်။ ဘေးနားကနေထိုင်ပြီး ဥဒါန်း Blade ရဲ့မျက်နှာအမူအရာအားလုံးကို အလွတ်ရသည်အထိ ကြည့်မှတ်နေမိသည်။ မီးပွိုင့်မိသည့်အခါမျိုးမှာ စိတ်ရှုပ်သွားတာကြောင့် မျက်ခုံးကိုကျုံလိုက်သည့်ပုံစံ ကားကြပ်တာနဲ့ ကြုံသွားရင် အလိုမကျ စုတ်သတ်သံစသည်ဖြင့် Blade ရဲ့အပြုအမူအားလုံးက ဥဒါန်းအတွက်တော့ အကုန်ရင်ခုန်စရာ ကောင်းနေတာ။
"ပြွတ်...ကြည့်လို့မဝသေးဘူးလား Bae"
Blade ကသူကိုင်ထားတဲ့ ဥဒါန်းရဲ့ လက်တစ်ဖက်ကို ဆွဲနမ်းရင်း ပြုံးစစဖြင့် လှည့်ပြောသည်။
"အင်း..Blade ကပိုကြည့်ကောင်းလာသလိုပဲ"
"ဟုတ်လား....ခင်ဗျားကျေးဇူးကြောင့်ဖြစ်မယ်"
သူ့ရဲ့နှုတ်ခမ်းပေါ်ကို ရောက်နေသည့် ဥဒါန်းရဲ့လက်ကို Blade ကသူ့ရဲ့ပါးပြင်ပေါ်ကို တင်ပေးသည်။ ဥဒါန်းလည်း Blade ပါးပြင်ကို ဖွဖွလေးပွတ်ပေးရင်း နောက်ဆုံးမနေနိုင်တော့သည့်အဆုံး ထိုင်နေသည့်နေရာမှ ခဏထလိုက်ပြီး သူ့ပါးပြင်ကို လှမ်းနမ်းလိုက်သည်။
"ပြွတ်"
"ဥဒါန်းရော ဘယ်လိုနေလဲ..အရင်လိုချစ်ဖို့ကောင်းသေးလား"
"ခင်ဗျားက ဘယ်အချိန်ဖြစ်ဖြစ် ကြည့်ကောင်းတယ်...ကျုပ်အောက်မှာ နှုတ်ခမ်းကိုက်ထားရင်း ရစ်မူးနေတဲ့အချိန်ဆို ပိုတောင်ကြည့်ကောင်းသေးတယ်"
"Bladeeeee......"
"ဟား....ဟား...ဟား"
အရမ်းကိုအူမြူးနေတဲ့ပုံဖြစ်နေသည့် Blade ကိုကြည့်ပြီး ဥဒါန်းလည်း ပြိုင်တူလိုက်ရယ်လိုက်မိသည်။နှစ်ယောက်သား ကားပေါ်မှာ စကားပြောလိုက် ရယ်လိုက်မောလိုက်ဖြင့် အချိန်တွေတောင် ဘယ်လိုကုန်သွားလိုက်မှန်းမသိ။အပြင်ကိုလှမ်းကြည့်လိုက်တော့ Blade ရဲ့ Condo နားတောင် ရောက်နေပြီ။
"ကျွီ...."
"ကို့ ပေါင်ပေါ်လာခဲ့ Bae"
"အင်း..."
DU LIEST GERADE
Blade (ဓါးသွား)
Romantik"ဥဒါန်း ကို စိတ်ဝင်စားနေတာလား" "မပြောတတ်ဘူး....လောလောဆယ်တော့ ခင်ဗျားကို တစ်စစီဖြစ်သွားအောင် ဖျက်ဆီးပစ်ချင်နေတယ်" Started- 6.11.2022 Ended - 23.3.2023 Total Episodes- 62 episodes