Chapter-46

57.6K 3.2K 200
                                    

"ပါးပါး သားဧည့်သည့်တွေကို နေရာချပေးလိုက်ပါဦး"

"ဟုတ်ကဲ့ပါ မိကျောင်းမသားရေ ကျွန်တော်လိုက်လံပို့ဆောင် နေရာချပေးလိုက်ပါ့မယ်"

မနက်တည်းက အိမ်ကဝမ်းနာသားလေးရဲ့ မွေးနေ့ဆွမ်းကပ် အလှူကြောင့် ကိုသီဟ အိမ်ရှေ့ပြေးလိုက် နောက်ဖေးပြေးလိုက်နဲ့။ ဘုန်းကြီးဆွမ်းကပ်၊ဧည့်ပရိတ်သတ်ကိုဧည်ခံနဲ့ အခုထိကို တစ်ချက်လေးတောင် ဖင်ချမထိုင်ရသေးဘူး။ ကိုယ်က ဒီအိမ်ရဲ့ အခိုင်းအစေကြီးဆိုတော့ သားအမိနှစ်ယောက် ခိုင်းသမျှကိုလည်း ကိုယ်ပဲဒိုင်ခံ။

"ကိုသီဟရေ ဒီမှာ Blade တို့ရောက်လာပြီ..လာခဲ့ပါဦး"

"အေးမိန်းမရေ လာပြီ လာပြီဟ"

အိမ်ရှေ့ကနေ ချစ်ဇနီးရဲ့အော်ခေါ်သံကြောင့် ကိုသီဟ ဧည့်သည်အချို့ကိုနေရာချထား လိုက်ကာ ပြေးသာသွားလိုက်သည်။

"မောင်လေးက ဥဒါန်းသွင်မလား..တွေ့ရတာဝမ်းသာပါတယ် အမက ကိုသီဟရဲ့အမျိုးသမီးပါ"

"ဟုတ် ကျွန်တော်လည်းဝမ်းသာပါတယ်အမ..ကျွန်တော်တို့ နည်းနည်းနောက်ကျသွားတယ် ဘုန်းကြီးတရားဟောလို့တောင် ပြီးသွားပြီထင်တယ် အားနာလိုက်တာ"

"အားနာမနေနဲ့ ကျုပ်တရားမနာနိုင်ဘူး၊ ညောင်းတယ်"

ရှေ့ကနေကိုယ်က လူမှုရေးအရ ခင်းကျင်းပြောဆိုနေတာကို ဘေးကနေ ကန့်လန့်ကတစ်မျိုး။ ဥဒါန်းတစ်ချက်လောက်သာ ပြန်လှည့်ကြည့်ပေးလိုက်တယ်။ ဒီပုံစံနဲ့သာဆို အဝီစိကို ဒုံးကျည်နဲ့ကိုဆင်းရတော့မှာ အဲ့တစ်ယောက်။

"ရတယ် ဥဒါန်းရဲ့ မိသားစုတွေလောက်ပဲ တရားနာလိုက်တာပါ ဧည်သည့်တွေက အခုမှရောက်လာကြတာ..လာ လာ ဟိုဘက်မှာ သီးသန့်ဝိုင်းပြင်ပေးထားတယ်"

ဥဒါန်းတို့ အိမ်ရှေ့မှာ စကားရပ်နေကြတုန်း ကိုသီဟကရောက်လာပြီး စကားဝင်ပြောသည်။

"ဟုတ်ကဲ့ ကျေးဇူးပါဗျာ...ဒါနဲ့မွေးနေ့ရှင်လေးရော ကိုသီဟ"

Blade (ဓါးသွား)Tempat cerita menjadi hidup. Temukan sekarang