Chapter-26

72.4K 4.3K 571
                                    

"လီးပဲဟေ့....ဘယ်လိုထိုးနေတာလဲဟ"

"အေးကွာ...ဒီကောင်က နာမည်ကြီးတယ်ဆိုတိုင်း သူလုပ်ချင်တိုင်းကို လုပ်နေတာ..လက်ရည်အသာကြီးကွ"

"မှတ်သွားပြီ ငါတော့ နောက်တခါဘယ်တော့မှ ဒီကောင့်ဘက်က မလောင်းတော့ဘူး...ဘယ့်နှယ်ပရိတ်သတ်ကို မလေးမစားနဲ့"

ပရိတ်သတ်အချို့ဆီက မကျေမချမ်း ထွက်လာတဲ့အသံတွေ။ ထုံးစံအတိုင်း Blade နဲ့ တခြားပြိုင်ဘက် တစ်ယောက်ရဲ့ လက်ဝှေ့ပွဲ။ တကယ့်နိုင်ဖို့ ခက်ခဲတဲ့ ပြိုင်ဖက်တွေကိုတောင် အလဲထိုးနိုင်ခဲ့တဲ့သူမို့ ဒီနေ့လို သာမန်ပွဲစဉ်လောက်ကို Blade ကနိုင်မယ်လို့ ပရိတ်သတ်တွေက အသေအချာ တွက်ထားခဲ့ပြီးသား။ အဲ့တာကို ဟိုဘက်က ကစားသမားက ထိုးနေတာကို ပြန်လည်းမထိုးပဲ သူချည်းသာအထိုးခံနေတာ။ မသိရင် တမင်သက်သက်ကို အရှုံးပေးလိုက်သလို။ ကြာလာတော့ တစ်ဖက်ကစားသမားကပါ ကြောင်တောင်တောင်တွေ ဖြစ်လာတယ်။ သူ့ကို Blade ကဘာမှ ပြန်မလုပ်လို့။ သိပ်မကြာလိုက်ဘူး ကြမ်းပြင်ပေါ် သူ့ကိုယ်လုံးကြီးကို ပစ်လှဲလိုက်ပြီး ကြမ်းပြင်ကိုပုတ်လိုက်တော့ တစ်ခါတည်းရှုံးတယ်ဆိုပြီး ဒိုင်လည်းအူလယ်လယ်နဲ့ အတည်ပြုလိုက်ရတယ်။ ဒီနေ့ပွဲစဉ်ကတော့ တကယ့်ကိုဟာသကြီးနဲ့ အဆုံးသတ်သွားရတယ်။ နိုင်တဲ့သူကလည်း နိုင်သွားပင်မဲ့ အောင့်သက်သက်။ လက်ရည်တူ မထိုးလိုက်ရပဲ တစ်ဖက်က ဘာမှကိုမလုပ်လို့ အနိုင်ရသွားရှာတာ။

"ကိုသီဟ!....ကိုသီဟ!...ကျုပ်လက်ပတ် ဘယ်ရောက်သွားလဲ!!!"

"လာပြီ....လာပြီ....ညီလေး အိတ်ပေါ်မှာတင်ထားတာတွေ့လို့ အကိုသိမ်းပေးထားတာ.."

နားနေခန်းထဲ ရောက်တာနဲ့ Blade ကသူ့အိတ်ပေါ်မှာ တင်ထားခဲ့တဲ့ လက်ပတ်မတွေ့လို့ လှမ်းအော်သည်။နဂိုဆို အဲ့လက်ပတ်ကို ပွဲစဉ်တိုင်း အမြဲမချွတ်ပဲ ထိုးနေကြ။ ဒီနေ့တော့ ဘာလို့မှန်းမသိ အဲ့တာကို မဝတ်ပဲကို တမင်ထားခဲ့တယ်။

"ပေး!!!..."

ဥဒါန်းသွင်နဲ့ ဝေးနေတဲ့ ၂လအတွင်း အခုကပထမဆုံး ပြန်ထိုးတဲ့ပွဲစဉ်ပဲ။ နိုင်ချင်စိတ်လည်းမရှိသလို နိုင်ရအောင် ဘာတွန်းအားမှ မရှိဘူး။ ဘဝမှာ လက်ဝှေ့ဆိုတာ တစ်ရေနိုးထထိုးခိုင်းရင်တောင် နိုင်အောင်ထိုးနိုင်ခဲ့တာ။အခုက နိုင်ပြီးသွားရင်လည်း ဘယ့်သူကိုသွားပြီး နိုင်သွားပြီဆိုတဲ့ အကြောင်း သွားပြောရမှာလဲ။ အဲ့တော့နိုင်သွားလည်း ဘာအဓိပ္ပါယ် ရှိနေဦးမှာလဲ။ အသက်ရှုလိုက်တိုင်း သတိရနေတော့ အသက်တောင် ဆက်ရှုချင်စိတ်မရှိဘူး။

Blade (ဓါးသွား)Donde viven las historias. Descúbrelo ahora