Chapter-17

78.7K 4.4K 399
                                    



"ဟုတ်ကဲ့ TP ရဲ့ CEO Blade ကိုမိန့်ခွန်းအနည်းငယ် ပြောပေးဖို့ စင်မြင့်ပေါ်သို့ ဖိတ်ခေါ်ချင်ပါတယ် ခင်ဗျာ"

"ဖြောင်း...ဖြောင်း....ဖြောင်း"

ဒီနေ့ TP ရဲ့ App အသစ်မိတ်ဆက်ပွဲနှင့်အတူ စီးပွါးရေးလုပ်ငန်းရှင် အဖြစ်နဲ့ပါ Blade အနေနှင့် လူအများရှေ့ ထွက်ပြလိုက်တာပါ။ ပုံမှန်အတိုင်းဆိုရင်တော့ ဒီလိုပွဲတွေကို Blade အနေနဲ့ တက်လေ့တက်ထမရှိ။ အခုတော့ TP ရဲ့ CEO ကဘယ်သူလဲဆိုတာကို ထွက်ပြဖို့လည်း အချိန်တန်ပြီလို့လည်း ထင်လို့။ Stage ပေါ်ရောက်တော့ Announcer ကတစ်ဖက်ကဆိုဖာမှာ ထိုင်နေပြီး Blade ကတော့ နေရာချပေးထားတဲ့ ဆိုဖာမှာသာ ခြေထောက်ကို မာန်ပါပါချိတ်ကာ ဝင်ထိုင်လိုက်သည်။ အပေါ်က coat အနက်နှင့် အောက်က T-shirt အဖြူအောက်ခံ၊ style pant အမဲရောင်အပြင် leather shoe အနက်ရောင်ပြောင်ကို ဝတ်ဆင်ထားတာမို့ Blade ရဲ့ပုံစံက ခန်းညားလွန်းနေသည်။ သို့ပင်မဲ့လည်း လူကြီးဆန်နေတာမျိုးမဟုတ်ပဲ ဆံပင်ကေကလည်း ကတုံးဆံပင်ပေါက်ကိုမှ ညာဘက်အခြမ်းကို ရှိုတ်ထိုးထားတာကြောင့် လူငယ်ပုံစံလည်း ပျောက်မသွားပဲ ပေါ့ပေါ့ပါးပါး ရှိလှသည်။ App နှင့်ပက်သက်သည့် Announcer မေးသမျှကို Blade ကဖြေပြီးသည့်နောက်မှာတော့ စကားဝိုင်းကို လက်စသတ်ဖို့အချိန်ကို ရောက်လာခဲ့၏။

"ဟုတ်ကဲ့ ကို Blade ခင်ဗျာ နောက်ဆုံးအနေနဲ့ကတော့ အမျိုးသမီးအများစု သိချင်နေကြတဲ့ မေးခွန်းလေးပါ ..မေးခွင့်ပြုပါလားခင်ဗျ"

"မေး...."

နောက်ဆုံးဒီဘူတာဆိုက်လာမယ်ဆိုတာ Blade သိတာပေါ့။ လူတွေက သိပ်စပ်စုတာပဲ။ ဘာကိစ္စအဲ့လောက် တခြားသူရဲ့ ကိုယ်ရေးကိုယ်တာကို စိတ်ဝင်စားနေကြတာလဲ။

"Career နှစ်ခုစလုံးမှာ အောင်မြင်စွာရပ်တည်နိုင်နေတဲ့ သူတစ်ယောက်ဆိုတော့ ဘေးနားမှာလည်း ဝိုင်းဝိုင်းလည်နေမှာပဲနော်...ဘယ်တော့များ သတင်းကောင်းကြားရမလဲ ခင်ဗျ"

Blade ကတစ်ချက် စဉ်းစားနေဟန် လုပ်တော့ အောက်ကပရိတ်သတ်ကရော Announcer ကပါ Blade ဆီကအဖြေကို စောင့်နေကြတယ်

"လိုပါသေးတယ်...."

"ဟား...ဟား..အဲ့တာဆို အခုထိ Blade ကိုရင်ခုန်အောင် လုပ်နိုင်မယ့်သူ မရှိသေးဘူးလားခင်ဗျ"

Blade (ဓါးသွား)Donde viven las historias. Descúbrelo ahora