Chapter-45

56.7K 3K 185
                                    


"CEO...စုံစမ်းရေးတွေဘက်က အကိုလေးကို ဆေးအမှုတွေပါ ထပ်ဆွဲမယ့်ပုံရှိတယ်"

"ခွေးလို အနံ့ခံကောင်းတဲ့ကောင်တွေ...S.H ကိုလှဲပစ်ဖို့ သူတို့အတွက် အချိန်ကောင်းဖြစ်နေတာပေါ့"

"အကိုလေးသာ ဖွင့်ချလိုက်ရင် ကျွန်တော်တို့ဖောက်သည်တွေနဲ့ပါ အကုန်မျက်နှာပျက်ကုန်ရလိမ့်ပါမယ်"

ဒေဝါ တာဝန်ယူခဲ့ဖူးတဲ့ ကိစ္စတွေကို ဒီကောင်တွေက ဘယ်ကနေဘယ်လို အနံ့ရသွားကြတာလဲ။ ဟိုအရူးက အဲ့နယ်ပယ်နဲ့ပက်သက်ပြီး အကုန်သိထားပြီးသား။ အခုခွေးလိုကောင်တွေ လိုက်နေကြတာက ဒေဝါထက် ကိုယ့်ကိုပိုလိုချင်နေကြတာ။ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ သက်သေမရှိသေးလို့သာ လာမဖမ်းနိုင်ကြသေးတာ။ အဲ့အရူးက အားလုံးရဲ့ အဖြေ။

"အချက်အလက်တွေက ပြသနာမရှိဘူး CEO...ဝယ်လက်နဲ့ရော ဖြန့်ချိရေးကော လုပ်ပေးခဲ့တာက အကိုလေးတစ်ယောက်တည်းပဲဆိုတော့...သူတို့စစ်ဆေးလည်း CEO နာမည်ထွက်လာမှာ မဟုတ်ပါဘူး"

အစတည်းက တနေ့နေ့မှာ ဒီလိုတွေပေါ်လာခဲ့ရင်ဆိုတဲ့ အမြော်အမြင်နဲ့ ဒီလိုငွေမဲကိစ္စတွေကို ဒေဝါ့ကိုပဲကိုင်ခိုင်းခဲ့တာ။ အမြဲတစ်ကွက် ကြိုမြင်ထားတဲ့ သူ့ကိုဘယ်ကောင်က လာဖျက်ဆီးနိုင်မှာလဲ။

"ဒါပေမဲ့ အခုစစ်ဆေးရေး လုပ်ခံနေရတဲ့ အကိုလေးပါးစပ်ကသာ တစ်ခုခုထွက်ခဲ့ရင်တော့ CEO ကိုလာထိနိုင်ပါတယ်..ပစ္စည်းသက်သေတော့ မရှိပင်မဲ့ အကိုလေးကိုယ်တိုင်က လူသက်သေဖြစ်နေတယ်"

"ဒေါက်....ဒေါက်...ဒေါက်"

စားပွဲခုံကို လက်ခေါက်ပြီး သူအချိန်အတော်ကြာ စဉ်းစားနေသည်။ အဲ့ကောင်ပါးစပ်က ပြဿနာ။ S.H နာမည်သာ ထွက်လာခဲ့ရင် အခြေအနေတွေက ဒီထက်အများကြီး ပိုဆိုးသွားနိုင်တယ်။

"ဒီတစ်ခါ ထပ်မမှားစေနဲ့..သေသေချာချာ အဆုံးသတ်ပေးလိုက်တော့"

"လျှိုဝှက်ချက်ကို ပိတ်တဲ့နည်းက အဲ့တစ်လမ်းပဲရှိတယ်..ရက်စက်ပင်မဲ့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်း"

Blade (ဓါးသွား)Where stories live. Discover now