Chapter-8

69.2K 4.4K 750
                                    

အခန်းထဲရောက်တည်းက ဥဒါန်းကိုဆိုဖာပေါ်မှာ ထိုင်ခိုင်းထာပြီးသူကတော့ အောက်ကဘီးပါသည့် ထိုင်ခုံအမြင့်ပေါ်ကနေပြီး ဥဒါန်းမျက်နှာကို တစ်ချက်မှအကြည့်မလွှဲပဲကို စိုက်ကြည့်နေတာ အတော်ကြာနေပြီ။ ဥဒါန်းအတော်လေးလည်း နေရခက်လာသလို စိတ်ပါအိုက်လာတယ်။ မနေနိုင်တော့အဆုံး..

"ဟိုဟာ..Blade ..ဥဒါန်းတို့အချိန်ဇယား ညှိကြမလား..Blade ကဘယ်နေ့တွေအားတာလဲ"

ဥဒါန်းပြောနေတာကိုလည်း တစ်စက်မှ အဖတ်မလုပ်..ဥဒါန်းကိုသာ စိုက်ကြည့်မြဲသာ စိုက်ကြည့်နေလျက်..ဥဒါန်းအတော်ကို မနေတတ်တော့။ မျက်နှာတွေရော နားတွေပါပူလာသလို ခံစားရတယ်။

"ယောကျာ်းလေးရော..ဟုတ်ရဲ့လား.."

"အမ်...ဟုတ်ပါတယ်"

"အဲ့ဒါဘာလို့ ထိလိုက်ရင် ကြွေကျသွားမယ့်ပုံစံဖြစ်နေတာလဲ.."

ပြောလည်းပြော သူ့ထိုင်ခုံကိုရှေ့တိုးလာသည်။ ဥဒါန်းမျက်နှာနဲ့ သူမျက်နှာအကွားအဝေးက အနည်းငယ်သာ ခြားတော့သည်။သူကခြေထောက်ကိုကားလိုက်ပြီး ရှေ့တိုးလာတာမို့ ဥဒါန်းရဲ့ စုထိုင်နေတဲ့ပေါင်နှစ်ချောင်း သူပေါင်ကြားထဲ အလိုလိုရောက်သွားသည်။

"မေးနေတာဖြေလေ..ဘာလို့ အဲ့လောက်သေးကွေး နုရွနေတာလဲလို့"

"..မသိ..ဥဒါန်းလည်း မသိဘူးလေ..ငယ်ငယ်တည်းက အဲ့အတိုင်းပဲလေ"

"ကျုပ်က အကိုင်အတွယ် ကြမ်းတယ်နော်.တော်ကြာ .ထိမိခိုက်မိရင်ဘယ်လိုလုပ်မှာလဲ"

"ရပါတယ် Blade ရဲ့ training ဆင်းနေတာဆိုတာတော့ ထိတာခိုက်တာတော့ ရှိမှာပဲလေ"

"အင်းဟုတ်ပြီ..အဲ့ဒါဆို ကျုပ်ဘက်က အားနာနေစရာမလိုဘူးပေါ့"

"ရတယ် ..ရတယ်..Blade အဆင်ပြေသလိုသာလုပ် ..ဥဒါန်းကို အားနာစရာမလိုဘူး"

ရှေ့ကနလပိန်းတုံးကိုကြည့်ပြီး Blade အတော်ရီချင်နေမိသား။ ကိုယ့်အန္တာရယ် ကိုယ်မမြင်ဘူးထင်တယ်။ ဖျက်ဆီးပစ်ချင်စရာကောင်းတဲ့ အကောင်းစား အရုပ်တစ်ရုပ် ကိုယ့်လက်ထဲကို ရောက်လာသလိုပဲ။ ဒီကောင်နဲ့ရှေ့လျှောက် တွေ့ကြသေးတာပေါ့။

Blade (ဓါးသွား)Kde žijí příběhy. Začni objevovat