Chapter-55

59.7K 3.2K 605
                                    

"ကို ခဏလေး ခဏလေး ဥဒါန်းပြောတာ နားထောင်ပါဦး"

"ဒုန်း..."

လက်ကောက်ဝတ်ကနေဆွဲပြီး တောက်လျှောက်ဆွဲခေါ်လာတာကြာင့် ဥဒါန်းကို့နောက်ကနေသာ ရုန်းကန်နေရင်းနှင့် အပေါ်ထပ်ကိုပါလာသည်။ သူပြန်သိရင် အနည်းငယ်တော့ရှင်းပြရလိမ့်မယ်လို့ ထင်ထားပင်မဲ့ ဒီလောက်အထိ ဒေါသထွက်သွားလိမ့်မယ်လို့ မထင်ထားမိတာအမှန်ပါ။ ဥဒါန်းလည်း ဥဒါန်းပြဿနာနှင့် ဥဒါန်းမို့သူ့ကိုပဲတချိန်လုံးကြီး အပူကပ်နေတဲ့သူ မဖြစ်ချင်လို့ပါ။ အဲ့တာက ဘာများ မှားသွားလို့လဲ။

"ခင်ဗျားအတွက် ကျုပ်ကဘာလဲ ဥဒါန်းသွင်"

အခန်းတံခါးပိတ်သွားသည်နှင့် ဥဒါန်းရဲ့ကျောပြင်ကို တံခါးနှင့်ကပ်လိုက်ပြီး မျက်နှာဘေးနားက တံခါးမျက်နှာပြင်ကို လက်သီးနှင့်ပါ ပိတ်ထိုးလိုက်တာကြောင့် ဥဒါန်းလန့်ကာ မျက်လုံးပါမှိတ်မိသွားသည်။

"ကို ဥဒါန်းကလေ"

"ကျုပ်ဆီက အကူအညီတောင်းဖို့ အဲ့လောက်တောင်ခင်ဗျားအတွက် ခက်ခဲနေတာလား"

"မဟုတ်ဘူးလေ ဒါကဥဒါန်းဖေဖေ၊မေမေတို့ရဲ့ ကိစ္စလေ ကိုရယ်။ ကိုနဲ့မသက်ဆိုင်ဘူးလေနော် ဥဒါန်းကိုယ့်ပါကိုယ်ပဲရှင်း..."

"ဟ....ကျုပ်ယောက္ခမတွေရဲ့ကိစ္စက ကျုပ်နဲ့မသက်ဆိုင်လို့ ဘယ်သူတောင်းစားနဲ့ သက်ဆိုင်ရမှာလဲ ဥဒါန်းသွင်ရဲ့!!!"

Blade ဒေါသက ဂိတ်ဆုံးအထိ ရောက်လာတယ်။ကိုယ်နဲ့သူနဲ့က မကြာခင်မှာ လက်ထပ်ရမယ့်သူတွေ။ ဒါကိုသူရင်ဆိုင်နေရတဲ့ အရှုပ်အထွေးတွေကို နည်းနည်းတောင်အသိမပေးပဲ သူ့ဟာသူ ကြိတ်ဖြေရှင်းနေတယ်ဆိုတည်းက ကိုယ့်အပေါ်ယုံကြည်မှုမရှိလို့ပဲ ယူဆတယ်။အားကိုးလို့ရပါရဲ့သားနဲ့ နှုတ်ဆိတ်နေတာက မယုံကြည်လို့၊စည်းတားထားချင်လို့ပဲ ဒီကောင်ကမြင်တယ်။

"ကို အဲ့လိုတွေ မပြောနဲ့ ဥဒါန်းမကြိုက်ဘူး"

ဥဒါန်းသူ့ကိုမော့ကြည့်လိုက်ပြီး ဆိုလိုက်သည်။ ဒေါသထွက်လာရင် စကားတွေက အလွန်အကျွံ့ဖြစ်တတ်လာတာကို နားလည်နိုင်ပင်မဲ့ အခုလိုတွေစွပ်စွပ်စွဲစွဲပုံစံမျိုး ပြောနေတာကို ဥဒါန်းတကယ်နားမလည်နိုင်ဘူး။ သူ့ကိုပြောလိုက်တဲ့ ကိုနဲ့မသက်ဆိုင်ဘူးဆိုတဲ့သဘောက ဥဒါန်းမိသားစုရဲ့ ပြဿနာဖြစ်တာကြောင့် ကိုယ့်ဟာကိုယ်ပဲ တာဝန်ယူပြီးရှင်းချင်တဲ့သဘောပဲ။

Blade (ဓါးသွား)Where stories live. Discover now