Chapter-25

77.2K 4.3K 437
                                    

"မင်္ဂလာပါ...ဒီရက်ပိုင်းဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပက်သက်ပြီး အက်မင်တို့ Fan club အနေနဲ့ ထွက်ရှင်းသင့်တယ်ထင်လို့ အခုလိုလာရှင်းတာပါ။ အက်မင်တို့ကလေးက သူ့ဟာသူအေးဆေးနေတတ်တဲ့သူပါ။ တစ်ဖက်ကလူနဲ့လည်း ဘာမှပတ်သက်မှုမရှိပါဘူး။ တမင်သက်သက်ကြီးကို သိက္ခာချခံရတာပါ။ Video ထဲမှာပြောတဲ့သူက ဘယ်သူလဲဆိုတာ အက်မင်တို့လည်း သိပြီးပါပြီ။အားလုံးသိတဲ့ လက်ဝှေ့သမားဆိုတဲ့တစ်ယောက်ပါ။ အဲ့ကိစ္စနဲ့ပက်သက်ပြီးလည်း အောက်မှာ သတင်းလင့်ခ်ပါ တစ်ခါတည်းချပေးထားပါတယ် ဝင်ဖတ်ကြည့်ပါ။ အဲ့ Blade ဆိုတဲ့တစ်ယောက်က အက်မင်တို့ရဲ့ကလေး ဒါန်းဒါန်းကို အသေအကြေလိုက်နေတာပါ။ ကလေးက ပြန်မကြိုက်လို့ အခုလိုလူကြားထဲ သိက္ခာချလိုက်တာပါ။ ပြောရရင်တော့ မစားရတဲ့အမဲ သဲနဲ့ပက်သလိုပေါ့။ ဒါန်းဒါန်းလည်း အခုအတော်လေး စိတ်မကောင်းဖြစ်နေရပါတယ်။ အဲ့တစ်ယောက် ဘယ်လောက်ဆိုးဝါးလည်းဆိုရင် သူ့ဝန်ထမ်းတွေတင်ထားတဲ့ ပိုစ့်တွေပါ ဖတ်ကြည့်နိုင်ပါတယ်။ screenshot တွေနဲ့ သက်သေတွေပါ ပါတယ်။ အားလုံးကို အဓိကပြောချင်တာကတော့ အကြောင်းစုံကိုမသိပဲ မတိုက်ခိုက်ဖို့ တောင်းဆိုချင်ပါတယ်။ကျေးဇူးပါ"

ဥဒါန်းသွင် Fan Club ကထုတ်ပြန်ထားတဲ့ official statement ကိုတစ်ချက်ကြည့်လိုက်ပြီ Blade ဖုန်းနံပါတ်တစ်ခုကို ကောက်နှိပ်လိုက်တယ်။

"အင်း...တာဝန်ကျေတယ်...ရတယ်သူ့ကိုပဲ ဆက် support ရမှာ ခင်ဗျားတို့အလုပ်ပဲ...Funding အပိုင်းလိုအပ်တာရှိရင် TP ကိုအချိန်မရွေး ဆက်သွယ်လို့ရတယ်"

Blade ဖုန်းပြောနေရင်း TP ရဲ့မန်နေဂျာက ရုံးခန်းထဲဝင်လာတယ်။

"Captain ပွက်လောရိုက်နေပြီ...အခုအားလုံးက Cap ကိုဝိုင်းဆဲနေကြပြီ"

Blade ဖုန်းကိုချလိုက်ပြီး ပြုံးလိုက်သည်။ ကိစ္စတစ်ခုတော့ ရှင်းသွားပြီ။

"ဟုတ်လား.....ဥဒါန်းသွင် အဆင်ပြေလား..သူ့ကိုပြောနေတဲ့ ပါးစပ်ပေါက်တွေက ကျုပ်ဆီရောက်လာမှာပေါ့..."

ဒီလောက်အပြောခံနေရတာကို ဘာခံစားချက်မှ မရှိတဲ့ပုံဖြစ်နေတဲ့ Blade ကြောင့်အတော်လေး တုန်လှုပ်မိသွားတယ်။

Blade (ဓါးသွား)Tempat cerita menjadi hidup. Temukan sekarang