Chapter-54

55.1K 3.1K 225
                                    

တနင်္ဂနွေနေ့ဆိုတော့ လက်ဝှေ့ရုံမှာ လူအပြည့်ဖြစ်နေကြသည်။ လေ့ကျင့်ရေးလုပ်နေကြသည့် သင်တန်းသားတွေရော စီနီယာလက်ဝှေ့သမားအချို့ပါ ရှိနေကြသည်။

"ဟေ့ Blade ကြီး အိမ်ထောင်ပြုတော့မယ်ဆို"

နားနေခန်းထဲက ဘောင်းဘီတို အပေါ်ပိုင်းဗလာနဲ့ ထွက်လာသည့် Blade ကိုကစားသမားအချို့က လှမ်းပြောသည်။

"ငါးကောင်ရာ ငယ်ငယ်လေးရှိသေးတာကို လူ့ပျိုဘဝနဲ့တစ်ဝကြီး ကဲသေးတာမဟုတ်ဘူး"

"ကျုပ်လူပျို ဖြစ်နေသေးတယ်လို့ ခင်ဗျားတို့ကို ဘယ်သူကလာအာမခံသွားလဲ"

"အေးပါကွာ  ဆရာကီးရာ...ငါတို့ပြောတာချင်တာက တရားဝင် အိမ်ထောင်ပြုတယ်ဆိုတာက ထောင်ကျသလိုမျိုးပဲကွ။ ဟုတ်တယ်မလား ကိုသီဟ"

"ဖြစ်ရတယ် ငါတို့အတွက်တော့ မိန်းမယူလိုက်မှ ဘဝရဲ့နိဗ္ဗာန်အစစ်ကို ရှာတွေ့သွားတာ"

ကိုသီဟက သေဖော်သေဖက် လာညှိတဲ့ကစားသမားတွေကို ပိတ်ဟောက်လိုက်သည်။ စိတ်ထဲမှာ ဟုတ်ဟုတ်မဟုတ် အပြင်မှာတော့ မိန်းမနဲ့နေရတာ ပျော်နေတဲ့အကြောင်းပဲ လူတွေသိကြပါလေ့စေ။ အိမ်ထောင်ရေးဆိုတာကတော့ နေပူတစ်လှည့်နေရိပ်တစ်လှည့်ပေါ့။ ပျော်တစ်လှည့် စိတ်ညစ်ရတစ်လှည်ပေါ့။ အဲ့ကြားထဲ ဝမ်းနာသားလေး စားဖို့၊သောက်ဖို့ ရှာဖွေပေးရတာကရှိသေးတယ်။အမြဲတမ်းတော့ သာသာယာယာ ဘယ်ဟုတ်မလဲ။

"ဟန်မဆောင်နဲ့ ကိုသီဟ။ ဟိုတနေ့ကတောင် ခင်ဗျားညည်းငြူနေသေးတာကို။ လူ၁၀၀ အိမ်ထောင်ပြုရင် ၉၉ယောက်လောက်က နောင်တရကြတာချည်းပဲ"

လက်ဝှေ့ရုံမှာက လူစုံကြပြီဆိုရင် အဲ့လိုတစ်ယောက်တစ်ပေါက် အမြဲတမ်း။ Blade သူတို့တွေငြင်းနေခုန်နေတာကို မကြားချင်ပင်မဲ့ နားထောင်နေရတယ်။

"ကိုသီဟ ကျုပ်မင်္ဂလာဆောင်ဖိတ်မယ့်သူစာရင်းထဲ အဲ့လူကို Blacklist လိုက်တော့"

"ဟုတ်ပြီ ညီလေး"

"ဟာ..ဟာ...မလုပ်ပါနဲ့ ငါးကောင်ရာ။ ဒီအကိုကြီးက နောင်တရတဲ့အထဲ ပါနေလို့ပါ။ စေတနာနဲ့ ချစ်သူဘဝကို ကြာကြာလေးခံစားစေချင်လို့"

Blade (ဓါးသွား)Where stories live. Discover now