Chapter 4

68.7K 4.3K 443
                                    

Nevada Hotel ရဲ့ Top Floor မှာတော့ S.H entertainment ၏ CEO ကဦးဆောင် ကျင်းပတဲ့ ပါတီကြီးဆီက သီချင်းသံတွေ အော်ဟစ်ပျော်ရွှင်နေကြတဲ့ အသံတွေက ပတ်ဝန်းကျင်အသံတွေကိုတောင် ဖုံးသွားစေတဲ့အထိပါပဲ။ ဒီလိုပွဲကြီးမျိုးတွေက ဥဒါန်းအတွက် မစိမ်းသက်ပင်မဲ့ အခုလိုအလွှာပေါင်းစုံက အနုပညာရှင်တွေအပြင် စီးပွါးရေးလုပ်ငန်းရှင်တွေပါ ရောက်နေတဲ့ ပါတီထဲကို ဝင်သွားဖို့အတွက် ဥဒါန်း အနည်းငယ်တော့ တွန့်ဆုတ်နေမိတယ်။ ဒီကြားထဲ ဦးမျိူးကလည်း CEO ကအရေးပေါ်ခိုင်းလိုက်လို့ တခြားမင်းသားတစ်ယောက်ရဲ့ ရိုက်ကူးရေးကို လိုက်သွားရတယ်။ မတတ်နိုင်တဲ့အဆုံး ဥဒါန်းရယ် ဝေလေးရယ်သာ နှစ်ယောက်တည်း ထွက်လာရတာ။ ဝေလေးကလည်း ကလေးသာသာဆိုတော့ ပါတီထဲမှာ တစ်ခုခုအမှားလုပ်မိမှာ စိုးရိမ်ရတော့ ကားစောင့်ဖို့ပဲ ထားခဲ့လိုက်ရတယ်။ အခုတော့ ဥဒါန်းတစ်ယောက်တည်း အဝင်အဝမှာ ကလယ်အူကြောင် ဖြစ်နေပြီ။ စကားပြောလို့ရမယ့် အပေါင်းအသင်းရယ်လို့လည်း မရှိလှ။ ခက်တာပါပဲ။

"ဟေ့...ဘာရှာလဲ..ဘာလိုသလဲ ....ရဲရဲသာဝင်သွားပါ ...ဟား..ဟား"

ဘေးနားကနေ ဖြတ်လျှောက်သွားတဲ့ အုပ်စုဆီမှ ဥဒါန်းရဲ့အူကြောင်ကြောင်ပုံစံကြောင့် စတာခံလိုက်ရတယ်။ ဒီလိုပွဲမျိုးဆိုတာ အပြင်ပန်းကသာ ပါတီလို့အမည်ခံထားပင်မဲ့ ပွဲတက်လာတဲ့သူတိုင်း ရည်ရွယ်ချက်ကိုယ်စီနဲ့။ စီးပွါးရေးအတွက်လား။ လူမှုရေးအတွက်လား။ ဒါမှဟုတ် တချို့တက်သစ်စလေးတွေအတွက် စပွန်ဆာ ရှာလို့ကောင်းတဲ့ နေရာဆိုလည်း မမှားပါဘူး။

ဘာမှစဉ်းစား မနေတော့ပါဘူး။ ကိုယ်က ဂုဏ်ပြုစကားသွားပြော ခဏလောက်ပွဲထဲပတ်ကြည့်ပြီးတာနဲ့ ပြန်မှာပဲဟာကိုဆိုပြီး ဥဒါန်း ကိုယ့်ကိုကိုယ်အားတင်းကာ ပွဲထဲဝင်ချသွားလိုက်တယ်။ S.Hရဲ့ CEO ကိုအရင်ရှာပြီး ပြောစရာရှိတာ သွားပြောပြီးတာနဲ့ ကိုယ်တွေက ပြန်ပြီပဲ။ ဥဒါန်းရဲ့ အတွေးလေးမဆုံးခင်မှာ မတွေ့ချင်ဆုံးလူ ဒေဝါက သူဘက်ကိုလျှောက်လာပြီလေ။

" ဟာ...ဥဒါန်း...ရောက်လာပြီလား ..ကျနော်က တစ်ယောက်ယောက်ကိုတောင် ဥဒါန်းကိုသွားခေါ်ဖို့ လွှတ်လိုက်တော့မလို့။ နောက်ကျတယ်နော်"

Blade (ဓါးသွား)Tahanan ng mga kuwento. Tumuklas ngayon