Chapter-50

79.2K 3.3K 396
                                    

(Mature Alert )🚨🚨🚨

"ဘုတ်"

"အင့်"

လူကိုတောက်လျှောက်ချီလာပြီးမှ အိပ်ရာပေါ်ကို ပစ်ချလိုက်တာကြောင့် ဥဒါန်းတစ်ကိုယ်လုံး မွေ့ယာထဲကိုနစ်ဝင်သွားသည်။ အမြင့်ကြီးကနေ ပြုတ်ကျသွားသလို ခံစားလိုက်ရတာကြောင့် နှုတ်ကယောင်ရမ်းကာ အသံတောင်ထွက်သွားသည်။ ပြီးတော့မှ ကိုကဥဒါန်းခန္ဓာကိုယ်ပေါ်မှာ အုပ်မိုးလာပြီး သူ့ရဲ့လက်နှစ်ဖက်ကိုလည်း ဥဒါန်းရဲ့မျက်နှာဘေး တစ်ဖက်တစ်ချက်စီမှာ ထောက်လိုက်ကာ မျက်ဝန်းချင်းဆုံသည်။ အကြည့်တွေက လေးနက်လွန်းသည်။ နူးညံလွန်းသည်။ ရင်ခုန်စရာကောင်းလွန်းသည်။

"ကျုပ်ဆီကနေ ဘယ်အတိုင်းအတာအထိ မျှော်လင့်ထားလဲ ဥဒါန်းသွင်"

"ဟင်"

ဥဒါန်းသူ့ရဲ့ ရီဝေဝေမျက်ဝန်းတွေကို ရှောင်ဖယ်လိုက်ချင်တာကြောင့် ဘေးဖက်ကိုသာ နှုတ်ခမ်းတွေကို ကိုက်ထားလျက် မျက်နှာလွှဲလိုက်သည်။ ဥဒါန်းက ဘယ်အတိုင်းအတာအထိ မျှော်လင့်ရမှာလဲ။

"ဘယ်အတိုင်းအတာဆို ခင်ဗျားကို စိတ်ကျေနပ်မှုပေးနိုင်မလဲ"

ကိုယ့်အရှိန်ကိုယ် ဘရိတ်အုပ်ဖို့ လိုအပ်လာရင် အုပ်လို့ရအောင် သူ့ဆန္ဒကို ဒီကောင်က အရင်ဦးစားပေးမေးနေတာ။ မဟုတ်လို့ ကိုယ့်ကောင်စိတ်ကြိုက်ဆိုလည်း အဆင်ပြေတယ်။

"အဲ့တာကို ဥဒါန်းက ဘယ်လိုလုပ်သိမှာလဲ"

"ဟုတ်လား။ ဒါဆို ကျုပ်သဘောလား"

"ပြော...ဒီဘက်ကိုလှည့် ဥဒါန်းသွင်"

"...."

"ဘာမှမပြောရင် ကျုပ်စိတ်ကြိုက်လုပ်လို့ပဲ မှတ်ပြီ"

"ပြွတ်....."

Blade မေးနေတာကို မဖြေပဲ တစ်ဖက်ကိုသာ လည်ပင်းကျိုးတော့မတတ် လှည့်ထားသည့် ဥဒါန်းသွင်ရဲ့ ခရမ်းရောင်ဆံနွယ်တွေနဲ့ နားသယ်စတွေကို နမ်းရှိုက်ရင်း ဆိုလိုက်သည်။ လှသည်။အနီးကပ်ကြည့်လေ ပိုလှလေပဲ။ ပက်ပက်စက်စက်ကိုလှသည်။

"ခင်ဗျားက သိပ်ဆွဲဆောင်မှုရှိတယ်"

လည်တိုင်တွေဆီ မျက်နှာအပ်လိုက်ရင်း မနမ်းရှိုက်ရတာကြာနေပြီဖြစ်သည့် နေရာလေးတွေကို ကိုက်ခဲရင်း နမ်းလိုက်၊ငုံလိုက်နှင့် အလွမ်းတွေကို အတိုးချဖြေဖျောက်နေမိသည်။ Blade ဒီလည်ပင်းလေးတွေကို ဘယ်လောက်နမ်းရှိုက်ချင်ခဲ့ရသလဲ။ သွေးကြောစိမ်းစိမ်းလေးတွေနဲ့ နို့နှစ်ရောင် အသားစိုင်လေးတွေ ရှိနေတဲ့နေရာ။ စိတ်ရှိတိုင်းသာဆို ကိုက်ဖောက်ပစ်ချင်သည်။

Blade (ဓါးသွား)Where stories live. Discover now