Present-Chapter

32.6K 2.5K 301
                                    

         
"တင်းတောင်....တင်းတောင်"

"လာ အစ်မတို့..ဝင်လာခဲ့ပါခင့်ဗျ"

တံခါးဖွင့်ပေးလိုက်တာနှင့် အိမ်ရှင်ဖြစ်သူ၏ နွေးထွေးလွန်းသည့် အပြုံးချိုချိုလေးက ပေါ်လာသည်။ အခန်းရှေ့မှာ ရပ်စောင့်နေသည့် လူနှစ်ဦးလည်း ထိုအိမ်ရှင်လေးကို ပြန်ပြုံးပြလိုက်ရင်း ကွန်ဒိုထဲသို့ ခြေချလိုက်ကြတော့သည်။

"မင်္ဂလာပါရှင့် ကိုဥဒါန်းသွင်"

"ဟုတ်ကဲ့..မင်္ဂလာပါ...ထိုင်ကြနော်"

ဧည့်ခန်းရှိရာသို့ ဦးဆောင်ခေါ်သွားသည့် ကိုဥဒါန်းသွင်နောက်ကိုသာ ကုတ်ချောင်းကုတ်ချောင်းနှင့် လိုက်သွားကြသည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး။

"ဒီက....PD အစ်မထင်တယ်"

ဥဒါန်း ထိုအစ်မတို့နှင့် မျက်နှာချင်းဆိုင် ဆိုဖာမှာဝင်ထိုင်လိုက်ပြီး မိတ်ဆက်လိုက်သည်။

"ဟုတ်ကဲ့ ကိုဥဒါန်းသွင်..ကျွန်မက Saung_Yar ပါရှင်.... 'Happy Marriage' အစီအစဉ်ရဲ့ Main PD ပါ..ဒီဖက်ကတော့ ကျွန်မရဲ့လက်ထောက်လေးပါ"

ကိုယ့်ကိုကိုယ်လည်း မိတ်ဆက်လိုက်ပြီး ဘေးနားကပါလာည့် Internကိုပါ တခါတည်း မိတ်ဆက်ပေးလိုက်သည်။

"ဟုတ်..Internပါခင်ဗျာ့...တွေ့ရတာဝမ်းသာပါတယ်"

"ဟုတ်ကဲ့ ကျွန်တော်လည်း ဝမ်းသာပါတယ်..ဥဒါန်းသွင်ပါ"

အားလုံးအပြန်အလှန်် မိတ်ဆက်ပြီးတော့ လာရင်းကိစ္စကို ဆက်ပြောကြဖို့သာ စိုင်းပြလိုက်ကြတော့သည်။

"ကိုဥဒါန်းသွင်တို့ CEO နဲ့တော့ စကားအရင်ပြောထားပါတယ်ရှင့်"

"ဟုတ်ကဲ့..ကျွန်တော့်ကို CEO ပြောပြထားသလောက်တော့ သိထားပြီးပါပြီ...အသေးစိတ်ကိုတော့ ထပ်ဆွေးနွေးဖို့လိုဦးမယ်ထင်တယ်ခင်ဗျ"

"........"

"ဟိုဟာ အမတို့အစီအစဉ်ရဲ့ အသေးစိတ်လေးလေ"

ဟိုကြည့်ဒီကြည့်နှင့် စူးစမ်းနေသေးသည့် PD အမကို အလုပ်အကြောင်း ဆွေးနွေးရန်အတွက် ဥဒါန်းသတိလှမ်းပေးလိုက်ရသည်။

"ဪ..ဟုတ်ကဲ့။ အဲ့တာကဒီလိုပါ..Happy Marriage အဖွဲ့သားတွေက အကိုတို့အိမ်မှာ တစ်ပတ်ကိုနှစ်ရက် ရိုက်ကူးရေးလုပ်မှာပါ။ အားလုံးကြာချိန်ကတော့ နှစ်လလောက်ပါပဲ။ ရိုက်ကူးရေးရက်တွေမှာ ထူးထူးခြားခြားတော့ ဘာမှလုပ်ပေးစရာ မလိုပါဘူးရှင့်။ကျွန်မတို့က Camera တောက်လျှောက် On ထားပြီး အကိုတို့ရဲ့ လှုပ်ရှားသွားလာပုံလေးတွေကို လိုက်ရိုက်ကူးမှာပါ။ အားလုံးသဘာဝဆန်ဆန်ပါပဲ။ ဘာ Script မှလည်း မရှိပါဘူး။ စိတ်ထဲရှိသလိုသာ နေနေကျပုံစံအတိုင်းပဲ နေလို့ရပါတယ်။ ဖြစ်နိုင်ရင် ကျွန်မတို့ရှိနေတယ်လို့ကို တွေးမထားလေ ပိုအဆင်ပြေလေပါပဲရှင့်"

Blade (ဓါးသွား)Donde viven las historias. Descúbrelo ahora