Extra 2 (Unicode)

37.3K 1.7K 152
                                    


"တီ..တီ..."

"တီ...တီ..."

ဖုန်းဆီက နှိုးစက်အသံက ထွက်ပေါ်လာတာကြောင့် ဥဒါန်းမျက်လုံးတွေ မပွင့်သေးပဲ အိပ်ယာဘေးရှိ ဖုန်းရှိနိုင်သည့် နေရာတွေကိုသာ လက်နှင့်လိုက်စမ်းလိုက်သည်။ အနောက်ကနေဖက်ထားသည့် လက်တစ်စုံ၏အားကြောင့် စိတ်ရှိတိုင်းတော့ လှုပ်လှုပ်ရှားရှား လုပ်၍မရသေး။

"တီ....."

ခေါင်းအုံးအောက်ကို ရောက်နေသည့် ဖုန်းကိုတွေ့တော့မှသာ ဥဒါန်း မြည်နေသည့်နှိုးစက်ကို ပိတ်လိုက်တော့သည်။ ပြီးသည်နှင့် လေးပင်နေသည့် မျက်ခွံတွေကို အရှိန်ယူရင်း တဖြည်းဖြည်း ဖွင့်ကြည့်လိုက်သည်။ နေရဲ့အလင်းရောင်က အခန်းအတွင်းကိုတောင် ရောက်နေလေပြီ။

"အာ့"

ဖက်ထားသည့် ကို့ရဲ့လက်မောင်းတွေကြားကနေ ရုန်းထွက်ကြည့်တော့ အောက်ပိုင်းဆီက နာကျင်မှုအချို့ကို ခံစားမိသွားသည်။ ဒီနေ့က ပိတ်ရက်ဖြစ်တာကြောင့် မနေ့ညက နှစ်ယောက်သား အရှိန်တွေလွန်ကုန်ကြတာကို သတိရသွားတော့ ဥဒါန်းပြုံးမိသွားတယ်။

အနောက်ဖက်ကနေ လူကိုဖက်ထားပြီး အိပ်​မောကျနေသေးသည့် ကလေးကြီးကို တွေ့ချင်လာသဖြင့် ဥဒါန်း ခန္ဓာကိုယ်ကို သူ့ဖက်ကိုလှည့်လိုက်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။

"ကို"

အဝတ်မဲ့နေသည့် ခန္ဓာကိုယ်ကို အနည်းငယ်ကြွလိုက်ပြီး ကို့ရဲ့မျက်နှာ အနားကို တိုးသွားလိုက်ကာ တီးတိုးစွာ ခေါ်လိုက်မိသည်။ ဥဒါန်းဆီက နှိုးသံကြောင့် သူ့မျက်ခုံးတန်းကြီးတွေတော့ အနည်းငယ်ကျုံ့ဝင်သွားပင်မဲ့ မျက်လုံးတွေကတော့ အခုထိဖွင့်မလာသေးပေ။

ဒါက နိုးသွားလျက်သားနဲ့ တမင်လုပ်နေတာ။ဥဒါန်းရဲ့အသံကို လျစ်လျူရှုပြီး ဆက်အိပ်နေသေးသည့်သူ့ကို ပိုနှောက်ချင်လာတာကြောင့်....

"ဝေ့...ကိုရေ...မိုးလင်းနေပြီလို့"

"......"

"ကို...ချစ်တယ်"

"......"

"ဥဒါန်းက ကို့ကို အချစ်ဆုံးလို့"

ဥဒါန်း ဘယ်လိုပြောပြော တုတ်တုတ်မျှလှုပ်မလာ။ ဥဒါန်းကိုပါ ပြန်အိပ်ဆိုသည့် သဘောနှင့် သူ့ရဲ့လက်တွေကိုပါ ပိုပြီးတော့တောင် တိုးပြီးဖက်ပစ်လိုက်သေးသည်။ အောက်ပိုင်းက နာကျင်မှုအချို့ကလည်း သူ့ရဲ့ကျစ်နေအောင် ဖက်ထားမှုတွေနှင့်အတူ တိုးလာတာကြောင့်...

Blade (ဓါးသွား)Donde viven las historias. Descúbrelo ahora