Chapter-36

69K 3.3K 152
                                    

"အားလုံးပဲ ကျွန်တော် ဥဒါန်းသွင်ပါ၊ ကျွန်တော့် ပရိတ်သတ်တွေအတွက် အနည်းငယ်ပြောစရာလေးရှိနေပါတယ် ခင်ဗျာ။ဒီရက်ပိုင်းအတွင်း အားလုံးလည်းသိတဲ့အတိုင်း ကျွန်တော်နဲ့ ကျွန်တော့်ပါတနာရဲ့သတင်းပါ။ အားလုံးထင်ထားသလို ဟုတ်ပါတယ်ခင်ဗျာ။ သူနဲ့ကျွန်တော်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိနေကြတာ တစ်နှစ်နီးပါးရှိနေပါပြီ။ ဒီကြားထဲမှာ ကျွန်တော့်ပရိတ်သတ်တွေကို ဖွင့်ပြောဖို့ သတ္တိမရှိတာကြောင့် ဖုံးကွယ်ထားသလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်။ ပရိတ်သတ်အချို့လည်း ကျွန်တော့် ဆုံးဖြတ်ချက်နဲ့ပက်သက်ပြီး ဒေါသထွက်နေလိမ့်မယ်ဆိုတာ သိပါတယ်။ အားလုံးက ကျွန်တော်အတွက် စိတ်ပူတာကြောင့် ဂရုဏာဒေါသထွက်နေကြတယ်ဆိုတာကို နားလည်ပါတယ်၊ လောလောဆယ် ကျွန်တော်သေချာပြောနိုင်တာကတော့ သူကလူကောင်းတစ်ယောက်ဆိုတာပါ။ လူတိုင်းကတော့ အရာရာမပြည့်စုံနိုင်ပါဘူး။ သူ့ဘက်မှာ လိုအပ်ချက်တွေရှိခဲ့သလို ကျွန်တော့်ဘက်ကလည်း အခုထိလိုအပ်နေဆဲအရာတွေ ရှိနေပါတယ်။ကျွန်တော်တို့နှစ်ဦးစလုံး လိုအပ်ချက်တွေကို အပြန်အလှန် နားလည်လက်ခံပေးရင်းနဲ့ပဲ ရှေ့ဆက်နေကြပါတယ်။ သူ့ကိုကျွန်တော် ဘယ်လိုအကြောင်းပြချက်နဲ့မှ လက်တွဲမဖြုတ်နိုင်သလို သူ့ဘက်ကလည်း ကျွန်တော့်လက်ကို ဘယ်တော့မှ လွှတ်ချသွားမယ့် သူမျိုးမဟုတ်ပါဘူး။ ပရိတ်သတ်တွေကို ကျွန်တော်တစ်ခု ပြောချင်တာကတော့ သူရောက်လာပြီးနောက်ပိုင်းက ကျွန်တော့်ဘဝရဲ့ ပျှော်ရွှင်ရဆုံးအချိန်ပါပဲ။ နေ့ရက်တိုင်းကို သူနဲ့ပဲ အတူတူဖြတ်သန်းချင်ပါတယ်။ အနာဂတ်မှာလည်း သူနဲ့ပါပဲ။ ဒါ့ကြောင်မို့ ကျွန်တော့်ကို နားလည်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။စိတ်ဆိုးနေကြတဲ့ ပရိတ်သတ်အချို့ကိုလည်း ဒီကနေပဲ တစ်ခါတည်း ချော့လိုက်ချင်ပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို တစ်ခါလောက်လေးပဲ ယုံကြည်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ သူဘယ်လောက်တောင် ချစ်တတ်သလဲဆိုတာ အားလုံးသိသွားတဲ့တစ်နေ့ကျရင် ကျွန်တော့်ဆုံးဖြတ်ချက် မှန်လား၊မှားလားဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်သွားပါလိမ့်မယ်။ ချစ်ခင်အားပေးကြတဲ့ ပရိတ်သတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ"

Blade (ဓါးသွား)Donde viven las historias. Descúbrelo ahora