Chapter-19

77.6K 4.2K 574
                                    

"ဟုတ်ကဲ့ အေးဂျင့် Lucus နေရာကနေသရုပ်ဆောင့်ရမယ့် ဥဒါန်းသွင်ပါခင်ဗျ..အားလုံးကို အားကိုးပါတယ် လိုအပ်တာရှိရင်လည်း ကျတော့်ကို သင်ပြပေးနိုင်ပါတယ်ခင်ဗျာ"

ဥဒါန်းတို့ရဲ့ Secret Mission ရုပ်ရှင်ကားအတွက် ဒီနေ့ကဇာတ်ညွှန်းဖတ်ရမည့်နေ့ ဖြစ်သည့်အတွက် ပါဝင်ကြမည့်သရုပ်ဆောင်တွေ ဒါရိုက်တာနှင့် ပရိုဂျူဆာများအပါဝင် အခြားရိုက်ကူးရေး Crew များပါတွေ့ဆုံနေကြတာပါ။ ရင်းနှီးပြီးသား စီနီယာအချို့လည်း ပါနေသဖြင့် ဥဒါန်းအတွက် ဒီရိုက်ကူးရေးစတင်ဖို့ အရမ်းတော့ စိတ်ဖိစီးမှုဖြစ်မနေပါ။ ဒါရိုက်တာကလည်း ကိုယ်နှင့်အဆင်ပြေတဲ့သူဖြစ်တာကြောင့် ဥဒါန်းအတွက် အခုတစ်ခေါက်က ကြိုးစားထားသမျှ အရာထင်နိုင်မည့် မျှော်လင့်ချက်တွေ ရှိနေသည်။

"ကျတော်တို့ ရိုက်ကူးရေးကို ဒီလဝက်မှာ စမယ်လို့ဆုံးဖြတ်လိုက်ပါပြီ။ ဒီရက်ပိုင်းအတွင်း script နဲ့ပက်သက်ပြီး နားမလည်တာမျိုးရှိရင် စာရေးသူကိုရော ကျတော့်ကိုပါ အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။ အားလုံးလည်း သိကြတဲ့အတိုင်း ကျတော်က လူတစ်ယောက်ရဲ့နောက်ခံရာဇဝင်တွေ ကိုယ်ရေးကိုယ်တာတွေ နာမည်ကြီးတာတွေ/မကြီးတာတွေ စိတ်မဝင်စားပါဘူး။ ရိုက်ကွင်းကို ရောက်လာပြီဆိုတာနဲ့ ဇာတ်ကောင်ပီပြင်ဖို့က အဓိကပါပဲ။ ကျန်တာတွေ ကျတော် ဘာမှဂရုမစိုက်ပါဘူး။ ဒါကတခါတည်း ကျတော်ဖက်က အရှင်းဆုံး ပြောထားတာပါ။ အရည်အချင်းထက် အရေးကြီးတာ ဘာမှမရှိတော့ပါဘူး။ ပရိတ်သတ်ကို အကောင်းဆုံးချပြနိုင်ဖို့ကလည်း ကြိုးစားမှုနဲ့ အရည်အချင်းကလွဲပြီး တခြားဖြတ်လမ်းနည်း မရှိပါဘူး။ဒါ့ကြောင့် သရုပ်ဆောင်တွေရော တခြားဝန်ထမ်းတွေပါ အကောင်းဆုံးကြိုးစားပေးကြပါလို့ ပြောချင်ပါတယ်။ ကဲ....အဲ့တာဆို အားလုံးပဲ Secret Mission အတွက် တက်ညီလက်ညီ အတူကြိုးစားကြတာပေါ့"

"ဖြောင်း...ဖြောင်း....ဖြောင်း"

ဒါရိုက်တာရဲ့ အပိတ်စကားပြောပြီးတာနှင့် အားလုံးရဲ့ မျက်နှာမှာလည်း အစွမ်းကုန်ကြိုးစားကြမည့် တက်ကြွမှုတွေကို မြင်နေရသည်။ ဒီဘက်ခေတ်မှာက နာမည်ကြီး မင်းသား၊မင်းသမီးတွေကိုသာ အားကိုးပြီး ရိုက်ကြတာများတယ်လေ။ အဲ့တာကြောင့် တချို့ဒါရိုက်တာတွေက မင်းသား/မင်းသမီးတွေကိုသာ ဖူးဖူးမှုတ်ပြီး အခြားဇာတ်ရံတွေကိုဘေးဖယ်ထားကြတာများသည်။ အခုဒါရိုက်တာကကျတော့ လူတိုင်းကိုတန်းတူသာ ဆက်ဆံသည်။ ရိုက်ကူးရေး Crew များကလည်း လူငယ်တွေများသည့်အတွက် ရှူတင်တစ်ခုလုံးက တက်ကြွလန်းဆန်းနေသလို ခံစားရသည်။ ဦးဆောင်တဲ့သူက တည်တည်ကြည်ကြည် တရားမျှတသည့်သူဖြစ်နေတဲ့အတွက် ရိုက်ကူးရေးက စနစ်တကျဖြစ်ပြီး အောင်ကိုအောင်မြင်လိမ့်မယ်လို့ ဥဒါန်းယုံကြည်နေမိသည်။

Blade (ဓါးသွား)Where stories live. Discover now