Chapter-51

67.6K 3.1K 525
                                    

16++warning ⚠️ ⚠️⚠️

ရှင်းရှင်းလင်းလင်း ကြားနေရသော လှိုင်းပုတ်သံတွေအပြင် ဖွင့်ထားသော လိုက်ကာစများကြောင့် အခန်းတွင်းအလင်းရောင်ကောင်းစွာ သက်ရောက်နေသည်မို့ ဥဒါန်းမျက်လုံးတွေပွင့်လာသည်။ ညတုန်းက တစ်ညလုံးကောင်းကောင်း မအိပ်ရသေးတာရော ဧည့်ခန်းထဲရှိ ဆိုဖာပေါ်မှာပဲ နှစ်ယောက်သား ကြပ်ကြပ်သပ်သပ် အိပ်လိုက်ရတာကြောင့် လူကအတော်လေး ညောင်းညာပြီး အီလည်လည်ကြီး ဖြစ်နေတယ်။

ဥဒါန်းခန္ဓာကိုယ်တစ်ဝက်က ပက်လက်အိပ်ပျော်နေသည့် Blade ကိုယ်ပေါ်မှာ မှောက်လျက်အိပ်နေမိတဲ့အတွက် နှစ်ယောက်က ခန္ဓာကိုယ်ချင်း ထပ်လျက်သားဖြစ်နေသည်။ သူ့လက်တစ်ဖက်က ဥဒါန်းခါးကိုဖက်ထားလျက် ကျန်လက်တစ်ဖက်ကတော့ တင်ပါးတွေကိုကိုင်ထားသည်။

"ဝှုး...."

ဥဒါန်းက အရင်ဆုံးနိုးနှင့်နေတာကြောင့် မျက်ခုံးတန်း ထူထူထဲထဲနှင့် မျက်တောင်နက်ကြီးတွေ နားခိုနေသော ပိတ်ထားသေးသည့် သူမျက်ဝန်းအိမ်တွေကို လေဖြင့် လှမ်းမှုတ်ကြည့်လိုက်သည်။ ပြီးတော့မှ မျက်ခုံး၊မျက်လုံး၊နှာတံ တစ်ခုချင်းစီကို လက်ညှိးဖြင့် တို့ထိမိလိုက်ရင်း...

"ကြည့်ကောင်းလိုက်တာ"

လောလောလတ်လတ် နမ်းထားသည့် နှုတ်ခမ်းတွေဆီကို အကြည့်ကရောက်လာတော့ ဥဒါန်းမနေနိုင်တော့ပဲ တဖန်နှုတ်ခမ်းချင်း ထိတွေ့လိုက်သည်။ သူနိုးတော့မနိုးသေးပင်မဲ့ ကိုယ့်ရည်းစား မဟုတ် မကြာခင်ကိုယ့်ယောကျ်ားဖြစ်လာတော့မည့်သူကို နမ်းတာဆိုတော့ ပြဿနာတော့မရှိဘူးမလား။

"အသားယူနေတာတွေကို ရပ်တန်းကရပ်လိုက်ရင်ကောင်းမယ် ဥဒါန်းသွင်"

"ကို့ နိုးသွားတာလား....ဆော့တီး"

မျက်လုံးမှိတ်လျက်သားနှင့် စကားပြောလာသည့် Blade ကြောင့် ဥဒါန်း လျှာလေးထွက်ကာ အနောက်ကိုဆုတ်လိုက်မိသည်။ ဆိုဖာပေါ်မှာဆိုသည့်် အသိကို မေ့သွားတာကြောင့် အနောက်ကိုအရှိန်ဖြင့် ဆုတ်လိုက်မိတော့ အောက်ကိုပြုတ်ကျတော့မလို ဖြစ်သွားသည်။ တော်သေးသည်က Blade ကခါးကိုဖက်ထားသည့် သူ့လက်ကြီးကို ပြန်တင်းလိုက်တာကြောင့် သူ့ရင်ဖက်တစ်ခြမ်းတစ်ခုပေါ် ဥဒါန်းမျက်နှာ ဖက်ခနဲ ပြန်ကပ်သွားသည်။

Blade (ဓါးသွား)Onde histórias criam vida. Descubra agora