Chapter-34

64.3K 3.4K 82
                                    

"Congratulation ဥဒါန်းသွင် ဒီတစ်ခါတော့တစ်ကယ်လုပ်ပြနိုင်ခဲ့ပြီနော်..အောင်မြင်သွားရင် ကျုပ်တို့ကိုလည်းမမေ့နဲ့ဦးနော်"

"..မဟုတ်တာ ဆရာရယ် ကျွန်တော်ကိုအခုလို ပရိတ်သတ်တွေ မှတ်မိသွားစေမယ့် ယုံယုံကြည်ကြည်နဲ့ လုပ်ပိုင်ခွင့်ပေးတဲ့ ဆရာရဲ့ကျေးဇူးကြောင့်ပါ ဆရာ"

ဒါရိုက်တာကြီးနဲ့အဖွဲ့သားတွေဆီက ဂုဏ်ပြုစကားကြားရပြီးနောက်ပိုင်း ဥဒါန်းလက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်တွေအားလုံးက အိမ်မက်တစ်ခုလို ခံစားနေရတယ်။ Lucus ဆိုတဲ့ဇာတ်ရုပ်နှင့် ဇာတ်ကားရုံတင်ပြီး တစ်ပတ်အတွင်းမှာပဲ ပရိတ်သတ်အတော်များများဆီက ကောင်းမွန်တဲ့ တုန့်ပြန်ချက်တွေ ရခဲ့တယ်။ အနုပညာနယ်ပယ်က စီနီယာအချို့ကလည်း ချီးကျူးပေးကြတယ်။ဇာတ်လမ်းမှာလည်း ဥဒါန်းက အဓိကသရုပ်ဆောင်တော့ မဟုတ်ပင်မဲ့ လုပ်ကွက်တွေ အတော်လေးရခဲ့တယ်။

"ဆေးရုံတောင်တက်ခဲ့ရတဲ့အထိ အက်ရှင်တွေ လုပ်ခဲ့တာဆိုတော့ ငါ့တပည့်မှမအောင်မြင်ရင် ဘယ်သူအောင်မြင်တော့မှာလဲ"

"အားလုံးက ဆရာတို့ရော အဖွဲ့သားတွေရော ကျေးဇူးကြောင့်မို့ပါဆရာ"

ပြီးတော့အခုရက်ပိုင်းအတွင်း ဥဒါန်းရဲ့ ရိုက်ကွင်းမှာတုန်းက ထိခိုက်မိလို့ ဆေးရုံတောင်တက်ခဲ့ရတယ်ဆိုတဲ့ သတင်းပါပြန်ပေါ်လာတော့ အားလုံးက ဥဒါန်းရဲ့ကြိုးစားမှုအပေါ် ဝိုင်းအသိအမှတ်ပြုကြတယ်။ ဒါတွေအားလုံးက ဥဒါန်းလုံးဝမျှော်လင့်မထားတဲ့ အရာတွေပါ။ ဒီအတောအတွင်း ကျန်တာဘာမှမတွေးပဲ ကိုယ့်အလုပ်ကိုယ်သာ အကောင်းဆုံးဖြစ်အောင်သာ ကြိုးစားလုပ်ခဲ့တာ။အခုလည်း ရုပ်ရှင်ရုံတစ်ခုမှာ ပရိတ်သတ်တွေအတွက် လက်မှတ်ထိုးပေးကြရင်း ဥဒါန်းကိုဘေးကနေ ဝိုင်းဂုဏ်ပြုပေးနေကြတော့ လူကကျေနပ်နေမိသည်။အောင်မြင်မှု အပိုင်းအစလေးတစ်ခုကို မြင်ရလိုက်တော့ လူကကိုယ့်ချစ်သူကို သတိရမိတယ်။ ဥဒါန်းကို အသိအမှတ်ပြုနေကြတဲ့အသံတွေကို သူ့ကိုကြားစေချင်တယ်။

"ဦးမျိုး Blade ဆီကဖုန်းလာသေးလားဟင်"

Stage ပေါ်မှာ ပရိတ်သတ်တွေကို လက်မှတ်ထိုးပေးနေရင်း အနောက်မှာရပ်နေသည့် ဦးမျိုးကို ဥဒါန်းလှမ်းမေးလိုက်သည်။

Blade (ဓါးသွား)Where stories live. Discover now