Chapter-49

61.1K 3.2K 165
                                    

"ကိုကြီးဥဒါန်း!!!"

ကိုကြီးဥဒါန်းကိုချီပြီး အပေါ်ထပ်ကနေဆင်းလာသည့် ကိုကြီးBladeအနောက်ကို ဝေလေးပြေးလိုက်သွားမိသည်။ ကိုကြီးဥဒါန်းက ကိုကြီးBlade ရဲ့ရင်ခွင်ထဲမှာ မျက်နှာအပ်ထားပြီး လည်ပင်းကိုလည်း သိုင်းဖက်ထားသည်။ အနားမှာရှိသည့် Company ကဝန်ထမ်းအချို့ကပါ ကိုကြီးဥဒါန်းကို အခုလိုပုံစံမျိုးနဲ့ မတွေ့ဖူးသေးတာကြောင့် ဘာများဖြစ်ကြတာလဲဆိုပြီး ဝိုင်းကြည့်နေကြသည်။

"ကို လူတွေနဲ့ ...ဥဒါန်းအောက်ဆင်းလိုက်မယ်"

"တောက်!!!"

ဝန်ထမ်းအသစ်တွေရှေ့မှာမို့ ဥဒါန်းအခုလိုပွေ့ထားလျက်သားကြီးနှင့် မနေတတ်တာကြောင့် အောက်ကိုချပေးဖို့ ပြောလိုက်ပင်မဲ့ အလိုမကျသည့် တောက်ခေါက်သံကြီးသာ ထွက်လာတာကြောင့် ပြန်ငြိမ်နေလိုက်ရသည်။ သူ့ဆီကဒေါသအငွေ့အသက်တွေ ရနေတာကြောင့် အခုအချိန်မှာ ဥဒါန်းအသက်တောင် ရဲရဲမရှုရဲလောက်အောင်ကိုဖြစ်နေရသည်။ဝေလေးကိုကြည့်လိုက်တော့လည်း ဘာလုပ်လို့၊ဘာကိုင်ရမှန်းမသိ လန့်နေတဲ့ပုံ။

"ဥဒါန်းသွင်က နေမကောင်းတဲ့လူဆိုတာ သိတယ်မလား"

"...."

"ငါပြောနေတာကြားလား ဝေလေး!!!"

"ဟုတ်..ဟုတ် သိပါတယ်ကိုကြီးBlade"

ဝေလေး ကိုယ့်အပြစ်ကိုယ်သိတာမို့ ကိုကြီးBladeက အော်လိုက်တာနှင့် ကြောက်ပြီး မျက်ရည်တွေပါကျလာသည်။ ခဏလေး သွားကလိုက်မိတဲ့ အချိန်အတွင်း ဘာတွေဖြစ်သွားတာလဲ။ သတိတစ်ချက် လွတ်သွားမိတဲ့ အချိန်အတွင်း ကိုကြီးဥဒါန်းကလည်း ပျောက်သွားသလို ကိုကြီးBlade ကလည်း ချက်ချင်းရောက်ချလာပြီး ဒေါသတွေထွက်နေတယ်။

"ကို....ဝေလေးက ဥဒါန်း"

"တိတ်တိတ်နေ။ စကားပြောခွင့်ပေးထားလား"

ဥဒါန်းကြောင့် ဝေလေးအဆူခံရမှာစိုးလို့ ရှေ့ကနေဝင်ကာမလို့ လုပ်လိုက်ပင်မဲ့ ကိုယ်ပါပြန်ဆူခံလိုက်ရတာကြောင့် နှုတ်ခမ်းတွေကို ဖိကိုက်မိလိုက်သည်။ ကြောက်ဖို့ကောင်းတယ် ဒီအခြေအနေကြီးက။ ဥဒါန်းအတွက်ရော ဝေလေးအတွက်ပါ။

Blade (ဓါးသွား)Where stories live. Discover now