Chapter-13

73.2K 4.6K 401
                                    

"ဘုန်း....."

တံခါးပိတ်သွားတာနဲ့ Blade ကဥဒါန်းရဲ့ ကျောပြင်ကိုတံခါးနဲ့ ကပ်လိုက်တယ်။လက်တစ်ဖက်ကလည်း ဥဒါန်းရဲ့ မျက်နှာဘေးမှာ လာထောက်ကာ လူကိုဘာမှမပြောသေးဘဲ စိုက်သာကြည့်နေသည်

"ခင်ဗျား....အခုတလော အရမ်းရဲတင်းလာတယ်ဆိုတာ သိလား"

"....."

"ပြောလိုက်ရင် ပေကပ်ကပ်နဲ့ ...ပြော ဘယ်ကသတ္တိတွေရောက်လာတာလဲ"

ဥဒါန်းသွင်တစ်ယောက် အခုတလော အရင်ကလိုမဟုတ်။ ရောက်ခါစကနဲ့ နည်းနည်းမတူတော့။ လေ့ကျင့်ခန်းလုပ်ခိုင်းရင်လည်း စျေးပါစစ်တတ်လာသေး။ ကိုယ်ကတစ်ခွန်းပြောလိုက်ရင်လည်း အထွန့်တက်တတ်သည့် အကျင့်ပါဖြစ်လာတာ။ ဘာတွေကို ယုံကြည်ပြီး ဒီကကောင်အပေါ် အထွန့်တက်ရဲလာတာလည်းတော့မသိ။

"မဟုတ်တာ..Blade ကလည်း...ဥဒါန်းက Blade နဲ့ပိုရင်းနှီးလာလို့လေ..."

"ဘာလဲ ကျုပ်ကခင်ဗျားကို နမ်းထားတဲ့ကောင်မို့..သူကငါဘာလုပ်လုပ် ခွင့်ပြုပေးမယ်လို့ထင်နေတာလား"

"အင်း..အဲ့လိုပဲဖြစ်ရမှာ မဟုတ်ဘူးလား"

တွေ့လား! ဥဒါန်းသွင်ရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်ချက် ပြင်းထန်နေပုံက သူမတူအောင်ပဲ။ ကိုယ်ကပဲ သူ့ဘာလုပ်လုပ် မျက်စိမှိတ် အကုန်ကျေနပ်ပေးမယ့် မှိုင်းမိနေတဲ့ကောင်ပေါ့။

"ဘယ်ကယုံကြည်ချက်တွေရပြီး ...ခင်ဗျားက အဲ့လိုထင်နေရတာလဲ..ပြောပါဦး..ခင်ဗျားနဲ့ကျုပ်က ဘာတွေမို့လို့လဲ"

Blade ဘက်က မေးလိုက်တော့ ဥဒါန်းလည်း တွေဝေသွားတယ်။ Blade နဲ့ ဥဒါန်းနဲ့က ဘာတွေလဲ။ ဘာခေါင်းစဉ်မှ မရှိတဲ့ ဆက်ဆံရေးတစ်ခုပဲ။ နှစ်ဦးသဘောတူ သဘောကျလို့ နမ်းလိုက်ကြရုံအပြင် ဘာမှမပိုဘူး။ ဥဒါန်းတစ်ဖက်တည်းကသာ Blade အပေါ် ခံစားချက်တွေရှိနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ Blade အတွက်က ဒီအတိုင်း ခဏတာ သာယာလိုက်တဲ့ အထိအတွေ့တစ်ခုပဲ ဖြစ်မှာ။

"အဲ့ဒါဆို Blade ကရော ဥဒါန်းနဲ့ Blade ကဘာတွေလို့ထင်လဲ"

ကိုယ့်ကိုကိုယ်လည်း ဘာလို့အဲ့လိုမေးလိုက်မှန်းမသိ။ ကိုယ့်အနေနဲ့ အဲ့လိုမေးပိုင်ခွင့်ရှိတဲ့အနေအထား မဟုတ်ဘူး။ စကားတွေက ဒီအခြေအနေကြီးကို ဦးတည်လာလိမ့်မယ့်လို့ မထင်ခဲ့မိ။ Blade လောက် အနှောင်အဖွဲ့ကင်းချင်တဲ့သူဆီက ဥဒါန်းက ဘာတွေသွားမျှော်လင့်နေတာလဲ။

Blade (ဓါးသွား)Donde viven las historias. Descúbrelo ahora