အပိုင်း(၁၁) Unicode

849 116 18
                                    

"မင်းအစ်မ မေလင်းနဲ့ ရှောင်းကျန့်တွဲနေတယ်ဆိုတာ အမှန်ပဲလား...! "

"ဪ...အဲ့တာလား..."

ဘာမှမထူးဆန်းသည့်သတင်းတစ်ခုလိုပြောလာသည့် ချန်လင်းကို ဝမ်ရိပေါ်တွန်းထုတ်လိုက်သည်။

ဒါကဘာအထာတွေလဲ။ ခါတိုင်းဆိုရှောင်းကျန့်ရဲ့သတင်းတွေကိုအလိုအလျောက်နေ့တိုင်းပြောနေတဲ့ချန်လင်းကဒီလိုကိစ္စမျိုးကိုရေငုံနှုတ်ပိတ်နေခဲ့တာဘာသဘောလဲ။ပြီးတော့သေချာပြန်တွေးကြည့်ရင်အခုနောက်ပိုင်းသူ့ကိုရှောင်နေသည့်အထဲမှာချန်လင်းလည်းပါသည်။

ဝမ်ရိပေါ် လက်သီးကိုတင်းနေအောင်ဆုပ်ထားလျက်ပင်...

"သူတို့နှစ်ယောက်က တကယ်ကြိုက်နေကြတာလား..."

"အင်း ဟုတ်မယ်ထင်တယ်...ငါလည်းအရမ်းကြီးသွားမစပ်စုရဲဘူး စစချင်းတုန်းကမယုံခဲ့ပေမယ့် မနေ့တုန်းကငါ့အစ်မက Toxic ဝယ်ပေးထားတဲ့ဖုန်းအသစ်တစ်လုံးကိုယူလာတယ်ဟ...တစ်ယောက်နဲ့တစ်ယောက်တကယ်မကြိုက်ဘူးဆိုရင် couple ဖုန်းတွေဘာတွေဝယ်ပေးကြပါ့မလား...ငါကတော့သူတို့နှစ်ယောက်တကယ်ကြိုက်နေကြတာမဟုတ်ပါစေနဲ့လို့ဆုတောင်းတယ်...တကယ်လို့သာ Toxic က ငါ့ရဲ့ယောက်ဖဖြစ်လာမယ်ဆိုငါအသက်ရှူရဲမှာတောင်မဟုတ်ဘူးကွ..."

"ယောက်ဖဆိုတဲ့စကားလုံးကိုမသုံးစမ်းပါနဲ့...! "

"ငါကစကားအဖြစ်ပဲပြောတာပါ မင်းကဘာလို့ဒေါသတွေအရမ်းထွက်နေတာလဲ မဟုတ်မှလွဲရော..."

ချန်လင်းကမျက်လုံးများမှေးကျဉ်းကာ ဝမ်ရိပေါ်ကိုသူခိုးဖမ်းသည့်အကြည့်ဖြင့်ကြည့်လိုက်ပြီးနောက်...

"မင်းမဟုတ်မှလွဲရော ငါ့အစ်မကိုကြိုက်နေတာလား...သွားမလုပ်နဲ့နော်Toxic ကမျက်နှာကသာပြုံးနေတာတကယ်ကိုအရမ်းကြောက်ဖို့ကောင်းတယ်...ဟိုတစ်ခါက ငါ့ကို..."

ချန်လင်းသူ့ပါးစပ်ကိုဘရိတ်အုပ်လိုက်ကာဆက်မပြောတော့ဘဲနှုတ်ဆိတ်နေလိုက်သည်။သူ့လည်ပင်းကိုလက်နဲ့ပြန်ကိုင်ကြည့်လိုက်ပြီး၊သူ့ခေါင်းပေါ်ကအခုထက်ထိအရှင်းမပျောက်သေးသည့်ဒဏ်ရာတစ်ခုကိုလည်းလက်နဲ့ပြန်စမ်းကြည့်လိုက်​၏။

T.O.X.I.CWhere stories live. Discover now