သုံးနှစ်ခွဲကျော် ကြာပြီးနောက်...
ကျောင်းပြီးလို့ဘွဲ့ရသွားပြီဖြစ်သည့် ဝမ်ရိပေါ်က အလုပ်သင်အဖြစ် လုပ်ငန်းအတွေ့အကြုံများကိုတစ်နှစ်တိတိသင်ယူရဦးမည်ဖြစ်၏။ ထို့ကြောင့်ဝမ်ရိပေါ်ကိုသင်ကြားပေးမည့်သူအဖြစ် ရှောင်းကျန့်ကသာတာဝန်ယူသည်။
အချိန်တန်ရင် ဝမ်လုပ်ငန်းစုဘက်မှာအလုပ်ဝင်လုပ်ရမည်ဖြစ်သော်လည်း ဝမ်ရိပေါ်ကိုတခြားလူတွေသင် ကြားပေးမှာမလိုလားသည့် ရှောင်းကျန့်က ဝမ်မင်ရီထံမှဝမ်ရိပေါ်၏ mentor အဖြစ်တာဝန်ယူဖို့ ခွင့် တောင်းခဲ့တာဖြစ်သည်။
လုပ်ငန်းအတွေ့အကြုံများသင်ယူနေသည်မှာ ၆ လ ခန့်ရှိနေပြီဖြစ်သည့် ဝမ်ရိပေါ်က စည်းစနစ်ကျပြီး အလျင်အမြန်သင်ယူနိုင်စွမ်းရှိသည်ကြောင့်ဝါရင့်လုပ်ငန်းရှင်တို့နှင့်သိပ်မခြားလုပ်ရည်ကိုင်ရည်ကောင်းမွန်တာဖြစ်သည်။ရှောင်းကျန့်၏ဆုပေး၊ဒဏ်ပေးစနစ်မျိုးကြောင့်တတ်မြောက်မှုနှုန်းက ပိုသွက်တာဖြစ်၏။
ရှောင်းကျန့်က လုပ်ငန်းခွင်အတွင်း၌ ဝမ်ရိပေါ်ကို ချီးကျူးရမည့်ကိစ္စများရှိရင် ပေါ်ပေါ်ထင်ထင် ချီးကျူးဂုဏ်ပြုတတ်သလို၊ဒီလိုမျိုး ပြောစရာများရှိလာပါကလည်း မျက်နှာသာမပေးတတ်တာဖြစ်၏။
"အလုပ်ကို သေချာမလုပ်ဘူးလား..."
ရုံးခန်းထဲမှာဖြစ်၍ ရှောင်းကျန့်သူ့အပေါ်ကုတ်အင်္ကျီကိုချွတ်ထားသည်။အတွင်းရှပ်အင်္ကျီကိုတံတောင်ဆစ် နားအထိ ဆွဲတင်လို့ထားပြီး ခေါင်းကဆံပင်များကိုထိုးသပ်လိုက်၊ ခါးထောက်လိုက်ဖြင့် ဝမ်ရိပေါ်၏အလုပ် စားပွဲရှေ့တွင် မတ်တပ်ရပ်နေသည်။
ဝမ်ရိပေါ်သူ့မျက်စိရှေ့က စာရင်းစာရွက်ကိုကြည့်လိုက်သည်။ မင်နီကြီးဖြင့်ဝိုင်းပြထားသည့်နေရာကိုသာစိုက်ကြည့်နေပြီး ရှောင်းကျန့်၏အမေးကိုချက်ချင်းပြန်မဖြေနိုင်ဖြစ်နေ၏။
"စာရင်းဇယားတွေဆိုတာ ကလေးကစားစရာမဟုတ်ဘူး...သုညတစ်လုံး၊ ဒဿမတစ်လုံးလောက်မှားသွားတာနဲ့ ဆုံးရှုံးမှုက ဘယ်လောက်ထိသက်ရောက်သွားလဲဆိုတာသိလား...နောင်တစ်ချိန် ဝမ်လုပ်ငန်းစုကို ဦးစီးမယ့်လူမဟုတ်ဘူးလား...အခုကတည်းက တိတိကျကျမစီစစ်ဘူးဆိုရင် ကိုယ်တိုင်အုပ်ချုပ်တဲ့အခါ ဘယ်လိုလုပ်မှာလဲ...လူတိုင်းအမှားနဲ့မကင်းဘူးဆိုပေမယ့် အတတ်နိုင်ဆုံးတော့ အမှားကင်းအောင်လုပ်ရမယ်...ဒီစာရင်းလုပ်နေတုန်းက စိတ်ကဘယ်ရောက်နေလို့လဲ...အသုံးမကျတာတွေမလုပ်နဲ့နော်..."