လက်ရှိအချိန်အခါတွင် တက္ကသိုလ်၌ လူအများ၏ အာရုံစူးစိုက်မှုအလုံးစုံကိုရရှိထားသူမှာ မေလင်းဖြစ်သည်။အားလုံး၏နှုတ်ဖျား၌တွင်ကျယ်နေသည့် အခေါ်အဝေါ်များက မေလင်းဟာ Toxic ၏ အသည်းကိုခြွေနိုင်သူ တစ်နည်းအားဖြင့် Toxic နှင့်ပတ်သက် သည့်အရာရာကိုပိုင်စိုးသူ။
အကြောင်းကတော့ Toxic ၏ Locker ကိုထိတွေ့ခွင့်ရှိသည့်သက်ရှိလူသားမှာ မေလင်းတစ်ဦးတည်းသာဖြစ်ခြင်းကြောင့်ဖြစ်၏။ "ရှောင်းကျန့်"ဟူသည့်နာမည် ကို Marker ဖြင့် ရေးထိုးထားသည့် Locker ကို တခြားသူများထိဖို့မပြောနှင့်မျက်လုံးဖြင့်ပင်စွေမကြည့်ရဲကြတာဖြစ်သည်။
တစ်ခါမှလော့ခ်မချထားသည့်ရှောင်းကျန့်၏ Locker သည်အခုနောက်ပိုင်း လော့ခ်ချထားတာဖြစ်ပြီး password ကိုတော့မေလင်းတစ်ဦးတည်းသာသိသည်။
မေလင်းကမနက် ၈ နာရီမထိုးခင်တိုင်း စာကြည့်တိုက် အလုပ်မဝင်ရသေးခင် ရှောင်းကျန့်၏Lockerရှိရာသို့ရောက်လာသည်။သူတစ်ဦးတည်းသာသိသော password ဖြင့်တံခါးကိုဖွင့်သည်။ပြီးလျှင် Locker ထဲ၌နေ့တိုင်းအမြဲရှိနေတတ်သည့်လက်ဆောင်ပစ္စည်းလေးတစ်ခုကိုယူသည်။ထိုအခြင်းအရာကိုမိန်းကလေးအားလုံးနီးပါးအားကျကြသည်။
ထို့ကြောင့်Locker များတန်းစီထားရာနေရာ၌မနက်ခင်းတိုင်းတချို့သောစပ်စပ်စုစုမိန်းကလေးများကခပ်လှမ်းလှမ်းကနေဝိုင်းအုံအကဲခတ်တတ်ကြသည်။မနက်ခင်းတိုင်း မေလင်းဘာလက်ဆောင်လေးများရမလဲဆိုတာကိုသိချင်ကြ၍ဖြစ်၏။
မေလင်းအတွက် ရှောင်းကျန့် Locker ထဲမှာထည့်ထားပေးတတ်သည့်လက်ဆောင်များမှာတစ်နေ့တစ်မျိုးမရိုးရအောင်ဖြစ်သည်။တစ်ခါတစ်လေရောင်စုံလက်ဆောင်ဘူးလေးတွေဖြစ်သည်။တစ်ခါတစ်လေ ချောကလက်ဘူး၊ချိုချဉ်ဘူးစသည့်စားစရာလေးတွေဖြစ်သည်။တစ်ခါတစ်လေကျရင်တော့ဒီနေ့လိုပန်းစည်းလေးတွေပေးတတ်တာဖြစ်၏။
"Wow...လှလိုက်တာ ကံကောင်းလိုက်တာဟယ် Toxic ကချစ်တတ်လိုက်တာ...တခြားလူတွေကိုသာလူမထင် တာ သူ့ကောင်မလေးအပေါ်မှာတော့ အပြတ်အသတ် ကို ရိုမန်တစ်ဆန်တာဟေ့..."