"ကျွန်တော့်ကိုရော ခွေးပေါက်လေးရဲ့လက်တွဲဖော်အဖြစ်လက်ခံပေးနိုင်လား..."
အဆက်အစပ်မရှိသည့်စကားတွေကိုနားမလည်နိုင် သေးသည့် ဝမ်မင်ရီနှင့်လီလီကယောင်နနဖြစ်လို့နေရင်း ရှောင်းကျန့်နောက်ထပ်လုပ်လိုက်သည့်အပြုအမူကြောင့် အံ့ဩမင်သက်လို့သွားသည်။
ရှောင်းကျန့်ကထိုင်နေရာမှ ထိုင်ခုံကိုတွန်းဖယ်လိုက် ကာ ဝမ်မင်ရီတို့ရှိရာဘက်သို့သွား၍ စားသောက်ခန်း၏ကြမ်းပြင်ထက်ဒူးထောက်လိုက်ခြင်းဖြစ်သည်။
"ဝမ်ဥက္ကဋ္ဌရဲ့သားဖြစ်သူနဲ့ကျွန်တော်က တက္ကသိုလ်မှာကတည်းက တစ်ဦးပေါ်တစ်ဦးမေတ္တာရှိခဲ့တာကြောင့် ကျွန်တော့်ကို သားမက်တစ်ယောက်အဖြစ်အသိအမှတ်ပြုပေးဖို့တောင်းဆိုချင်ပါတယ်..."
"ဘာတွေတွေးနေတာလဲSean...အခုချက်ချင်းကြမ်းပြင်ပေါ်ကထစမ်း..."
ဒီလောက်ထိလုပ်နိုင်လိမ့်မည်ဟုမထင်ခဲ့သည့် ဂျီနာကတစ်ပါးသူရှေ့ဒူးထောက်နေသည့်ရှောင်းကျန့်၏လုပ်ရပ်ကိုမခံမရပ်နိုင်စွာဖြင့်ရှောင်းကျန့်ကိုချက်ချင်းပြန်ထခိုင်းသည်။အမေဖြစ်သူဂျီနာ၏ ဒေါသသံကို ရှောင်းကျန့်လျစ်လျူရှုကာနေရာမှာပင်ဆက်ပြီး...
"ကျွန်တော်လူလိမ္မာတစ်ယောက်မဟုတ်ခဲ့ပေမယ့် ခွေးပေါက်လေးအတွက်တတ်နိုင်သမျှကြိုးစားနေပါတယ်...ကျွန်တော့်ကြောင့်ရခဲ့တဲ့နစ်နာမှုတွေကိုလည်းအကုန်ပြန်ဖြည့်ဆည်း..."
"မင်းအမေကထလို့ပြောနေတာမင်းကမကြားလို့လား..."
ဒီတစ်ခါတော့ ရှောင်းရမ်ကိုယ်တိုင်နေရာမှထလာကာ ဒေါသတကြီးဖြင့် ရှောင်းကျန့်ရှိရာဘက်သို့သွား၍ လက်မောင်းကနေသွားကိုင်ဆွဲလိုက်သည်။
"ဘာလို့လာဆွဲနေတာလဲ လိုချင်တာယူပေးမယ်လို့ကတိပေးထားတယ်မဟုတ်ဘူးလား..."
"အေး ကတိပေးထားလည်းဒီနည်းနဲ့မဟုတ်ဘူး...ထဆို ထစမ်း Sean...! "
ရှောင်းကျန့်ကရှောင်းရမ်၏လက်ကိုပုတ်ထုတ်လိုက် တာကြောင့်နှစ်ယောက်သားရုန်းရင်းဆန်ခတ်ဖြစ်နေ ကြသည်။ ထိုစဉ်ရုတ်တရက်ဝုန်းဆိုသည့်အသံတစ်ခုနှင့်အတူထိုင်ခုံတစ်လုံးကအဝေးသို့လွင့်သွား၏။