"ဒေါက်...ဒေါက်..."
ဆေးရုံခန်းတံခါးခေါက်သံကြောင့်ဝမ်ရိပေါ်အိပ်ရာ
ပေါ်ကနေလှမ်းကြည့်သည်။ဝင်လာသည့်သူများကဆရာဝန်တစ်ယောက်နှင့်သူ့အမေဖြစ်နေသည့်အခါဝမ်ရိပေါ်အကြည့်ပြန်လွှဲလိုက်၏။ဆရာဝန်က ဝမ်ရိပေါ်၏ကုတင်ဘေးကခုံတွင်ဝင်ထိုင် ၍ ဒဏ်ရာကိုပတ်တီးဖြည်ကြည့်ရှု့ပြီးနောက်...
"ဒီနေ့ဆေးရုံဆင်းလို့ရပါပြီ...စာရွက်စာတမ်းတွေကို သူနာပြုတွေကနေတစ်ဆင့်ပေးခိုင်းလိုက်ပါ့မယ်..."
"ဒီအတောအတွင်းကူညီစောင့်ရှောက်ပေးခဲ့မှုအတွက် ကျေးဇူးတင်ပါတယ်..."
ဝမ်ရိပေါ်အစား လီလီကဝင်ပြောပေးလိုက်ခြင်းဖြစ်သည်။ဆရာဝန်ထွက်သွားပြီးနောက်မျက်နှာတစ်ခုလုံးသုန်မှုန်နေသည့်ဝမ်ရိပေါ်ကိုလီလီကြည့်လိုက်ကာ...
"ဘာဖြစ်လို့လဲ ရိပေါ်...ဆေးရုံဆင်းရတော့မယ်လေဘာကိုအလိုမကျဖြစ်နေတာလဲ..."
ဝမ်ရိပေါ်ဘာမှပြန်မဖြေတာကြောင့်လီလီလည်းအရေးတယူဆက်မမေးနေတော့ဘဲ သိမ်းဆည်းစရာရှိတာများစတင်သိမ်းဆည်းနေတော့၏။
"ဒေါက်...ဒေါက်..."
တံခါးခေါက်သံနောက်တစ်ခုကြောင့်တံခါးဘက်ကို
ဝမ်ရိပေါ်လှမ်းကြည့်သည်။အခုတစ်ခါကလီလီဖုန်းဆက်လှမ်းခေါ်ထားသည့်သူတို့အိမ်ကဝေယျာဝစ္စလုပ် ပေးသည့်အလုပ်သမားတစ်ယောက်ရောက်လာခြင်းဖြစ်သည်။"ဒေါက်...ဒေါက်..."
ဝမ်ရိပေါ်တံခါးဘက်ကိုထပ်၍လှမ်းကြည့်လိုက်သည်။သူနာပြုလေးတစ်ယောက်ဝင်လာခြင်းဖြစ်ကာလီလီ့ကိုဆေးရုံဆင်းခွင့်စာရွက်စာတမ်းများ၊ဆေးစာများပေး ၍ပြန်ထွက်သွား၏။
"ဘာဖြစ်ချင်နေတာလဲ ရိပေါ်..."
တံခါးခေါက်သံတစ်ခါကြားတိုင်းတံခါးဘက်လှည့်လှည့်ကြည့်ပြီးမျက်နှာသုန်မှုန်နေသည့်ဝမ်ရိပေါ်ကိုဒီတိုင်းပဲမကြည့်နိုင်တော့၍ လီလီမေးလိုက်ခြင်းဖြစ်သည်။ဝမ်ရိပေါ်က ဂရုမစိုက်ဟန်ပြုသည်။
"တံခါးခေါက်သံတွေက အာရုံနောက်လို့..."
_______________ ____________နေ့ထူးနေ့မြတ်မဟုတ်သော်လည်း ဧည့်ခန်းနှင့်စားသောက်ခန်း၌ သူ့အမေဖြစ်သူလီလီနှင့်အတူအလုပ် သမားများတရုန်းရုန်းဖြစ်နေကြသည်ကို ဝမ်ရိပေါ်
သတိထားမိသည်။ စနေနေ့ဖြစ်တာကြောင့်သူ့အဖေ
လည်းအိမ်မှာရှိနေမည်ဆိုတာကျိန်းသေသည်။