လက်ထပ်မှတ်ပုံတင်ရန်အတွက်ရှောင်းကျန့်အပါအဝင်အသိသက်သေနှစ်ယောက်စလုံးလက်မှတ်များအသီးသီးရေးထိုးပြီးကြတာဖြစ်ပြီး နောက်ဆုံးလက်မှတ်ထိုးဖို့ကျန်ရစ်သောသူမှာဝမ်ရိပေါ်သာဖြစ်သည်။
ဝမ်ရိပေါ်သူ့ရှေ့မှာချထားသည့်ဖောင်တိန်ကိုကောက် ယူလိုက်သည်။ကံယာကံရှင်နေရာမှာလက်မှတ်ရေးထိုးမည်လုပ်သော်လည်းတုန်ရီနေသည့်လက်များကြောင့် စာချုပ်မျက်နှာပြင်နှင့်ဖောင်တိန်ထိပ်ဖျားတော်တော် နှင့်ထိကပ်၍မရသည့်အခါ ဖောင်တိန်ကိုလက်ထဲကနေပြန်ချလိုက်၏။ ထိုသို့ပြုလုပ်နေသည်မှာသုံးကြိမ်ခန့်ရှိနေပြီဖြစ်တာကြောင့်...
"အဆင်ပြေရဲ့လား ခွေးပေါက်လေး..."
ဝမ်ရိပေါ်ဘက်ကခေါင်းကိုတွင်တွင်ခါပြလာတာကြောင့်ရှောင်းကျန့်ကျန်သည့်လူများကိုခွင့်တောင်း၍ ဝမ်ရိပေါ်ကို အပြင်ဘက်သို့ခဏခေါ်ထုတ်လာခဲ့သည်။လူရှင်းသည့်နေရာရောက်သည့်အခါ ဝမ်ရိပေါ်ကိုနူးညံ့စွာပွေ့ဖက်လိုက်၏။ကျောပြင်ကိုလည်းအထက်အောက် ညင်သာစွာပွတ်သပ်ပေးလိုက်ရင်း...
"စိတ်တွေအရမ်းလှုပ်ရှားနေတာလား..."
ဝမ်ရိပေါ်ဘာမှပြန်မဖြေ။မျက်ရည်တွေသာဝဲလာပြီးရှောင်းကျန့်ကို တင်းကြပ်နေအောင်ပြန်ဖက်ထားလိုက် သည်။ဝမ်ရိပေါ်ဘက်ကအသံတိတ်မျက်ရည်ကျနေမှန်းရှောင်းကျန့် ခံစားမိတာကြောင့်ဘာတစ်ခွန်းမှထပ်မမေးတော့ဘဲ ဝမ်ရိပေါ်အငိုတိတ်သွားမည့်အချိန်ထိနှစ်သိမ့်ပေးရင်းနှင့်စောင့်ဆိုင်းလို့နေ၏။
"ကိုယ့်ရဲ့ခွေးပေါက်လေးက ဟိုးအရင်ကတည်းကနေအခုချိန်ထိ တကယ့်ကို cry baby လေးပဲ..."
"ရှောင်းကျန့်အဲ့လိုချော့ပေးနေသ၍တော့ ကျွန်တော်က အငိုသန်တဲ့လူတစ်ယောက်ဖြစ်နေဦးမှာ..."
ဝမ်ရိပေါ်ငိုနေလျက်နှင့်ပင်ရယ်၍ပြောလိုက်မိပြီးသူ့မျက်ရည်များကိုပြောင်စင်အောင်သုတ်လိုက်ကာ...
"ရှောင်းကျန့်..."
"ဟင်..."
"ကျွန်တော်နဲ့ရှောင်းကျန့်လက်ထပ်တယ်ဆိုတာ ကျွန်တော်အိပ်မက်မက်နေတာလားဟင်..."