"ကိုယ် ဗိုက်ဆာတယ် ခွေးပေါက်လေး..."
တက်တူးဆိုင်ထဲမှထွက်လာပြီးနောက် ရှောင်းကျန့် ပြောလိုက်သည့်ပထမဦးဆုံးစကား။
ဖုန်းထဲကနာရီကိုဝမ်ရိပေါ် ငုံ့ကြည့်လိုက်တော့ မနက် တစ်နာရီ။အပျော်တွေနဲ့ပြည့်နှက်နေသည့်သူကဗိုက်ဟာနေမှုကိုသတိတောင်မထားမိတော့ဘဲ ရှောင်းကျန့်ပြောမှတစ်နေကုန်နီးပါးသူတို့တွေဘာမှမစားရသေးမှန်းအမှတ်ရလာသည်။
ရှောင်းကျန့်ကို ကြည့်လိုက်တော့ဗိုက်ဆာနေလွန်းတာကြောင့်ထင်သည်။ လက်ဖျားလေးတွေတဆတ်ဆတ် တုန်နေသည်။နှစ်ယောက်လုံး၏ဝမ်းမှထွက်လာသည့် သံစုံတီးဝိုင်းတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်။
"ဒီအချိန်ဘယ်စားသောက်ဆိုင်တွေဖွင့်ဦးမလဲမသိဘူး ကျွန်တော်ဖုန်းထဲက ရှာကြည့်ဦးမယ်...နည်းနည်းလေးသည်းခံလိုက်ပါဦး..."
"မရတော့ဘူး ခွေးပေါက်လေး ကိုယ့်ဗိုက်ကိုစမ်းကြည့် သောင်းကျန်းနေပြီ..."
ရှောင်းကျန့်က ဝမ်ရိပေါ်၏လက်တစ်ဖက်ကိုဆွဲယူပြီး သူ့ဗိုက်ပေါ်သို့တင်လိုက်၏။ အင်္ကျီအပြင်ဘက်မှမဟုတ်ဘဲ အတွင်းထဲကိုလျှိုသွင်းလိုက်ပြီးအသားချင်းတိုက်ရိုက်ထိကပ်လိုက်တာဖြစ်သည်။ ရှောင်းကျန့်ကအမှတ်တမဲ့ပြုမူလိုက်တာဖြစ်ပေမယ့် ဝမ်ရိပေါ်၏လက်တစ်လျှောက် လျှပ်စီးဓာတ်များဖြတ်စီးသွားသလိုကျဉ် ကနဲ။
"ဖုန်းထဲမှာပြနေတာကတော့ဒီပတ်ဝန်းကျင်မှာ convenience store တစ်ခုရှိတယ် ငါးမိနစ်လောက် လျှောက်ရမယ် ရှောင်းကျန့်အဆင်ပြေတယ်မလား..."
"ခွေးပေါက်လေး ကိုယ့်လက်ကိုတွဲပြီးလျှောက်သွားပေးရင်တော့ အဆင်ပြေပါတယ် မဟုတ်ရင်အားပြတ်ပြီး လဲသွားမှာ စိုးရိမ်ရတယ်..."
မျက်ခုံးတစ်ချက်ပင့်ကာ မိုက်ကနဲဖြစ်သွားသည့်အမူအရာလုပ်ပြနေသည့် ရှောင်းကျန့်ကို ကြည့်ကာဝမ်ရိပေါ်စိတ်ထဲကနေအားမလိုမရအော်လိုက်မိသည်။ရှောင်းကျန့်ကအဲ့လိုအရမ်းချစ်ဖို့ကောင်းတဲ့အမူအရာတွေလုပ်ပြမှဖြစ်မှာလား။နေရင်းထိုင်ရင်းတောင် တစ်ကိုယ်လုံးကိုဆွဲမွှေ့ယမ်းပစ်လိုက်ချင်တာကို။