"မျက်နှာတစ်ခြမ်းကဘာဖြစ်တာလဲ Sean..."
စားသောက်ခန်းထဲသို့ ဝင်လာသည့်ရှောင်းကျန့်ကိုအမေဖြစ်သူ ဂျီနာ ကမေးလိုက်တော့ စားပွဲထိပ်မှာထိုင် နေသည့်အဖေဖြစ်သူရှောင်းရမ်ကလည်းကြည့်လိုက် သည်။သူ့အဖြေက်ိုစောင့်နေသည့်မိဘတွေကိုရှောင်းကျန့်ဘာမှမဖြစ်ဟန်မျက်နှာပေးဖြင့်ပုခုံးသာပင့်ပြလိုက်ပြီးစားပွဲတွင်ဝင်ထိုင်လိုက်သည်။
ရှောင်းကျန့်ဝင်ထိုင်လိုက်သည်နှင့်ဟင်းလျာများထည့် ပေးမည့် အလုပ်သမားတစ်ဦးအနားသို့ရောက်ရှိလာသည့်အခါ ရှောင်းကျန့်ကမလိုကြောင်းလက်ဟန်ပြ၍ အဝေးသို့သွားခိုင်းလိုက်သည်။သူ့ဟာသူတွေ့ရာများကိုတစ်ခါတည်း ပန်းကန်ထဲထည့်၍ ခက်ရင်းတစ်ချောင်းကိုသာအသုံးပြုကာ အစားအသောက်တို့ကိုဝတ်ကျေတမ်းကျေစားသောက်သည်။
"နှုတ်ခမ်းကလည်း ကွဲနေတယ်နော် Sean..."
နှုတ်ခမ်းထောင့်ကိုထိန်းပြီးစားနေသည့် ရှောင်းကျန့် ကြောင့် ဂျီနာထပ်မေးလိုက်ခြင်းဖြစ်သည်။ရှောင်းကျန့်ကသူ့ဟန်အတိုင်းဘာမှမဖြစ်သလိုပြုံးသည်။ မနေ့မနက်ကအကြောင်းစဉ်းစားမိတော့ရယ်စစဖြစ်လို့လာပြီးချောင်းတစ်ချက်ဟန့်လိုက်၏။
သူ့ condo မှာညအိပ်ပျော်ခဲ့သည့်ခွေးပေါက်လေးက မနက်အိပ်ရာနိုးလာချင်းမှာပဲ သူ့မျက်နှာကိုအကြောင်းပြချက်မဲ့ထိုးခဲ့တာဖြစ်သည်။လက်သီးလာရာလမ်းကြောင်းကိုသူကြိုမြင်ခဲ့ပေမယ့် တမင်တကာမရှောင်ခဲ့ခြင်းမျိုးပဲဖြစ်၏။
စကားတစ်ခွန်းတောင်အစမခံဘဲမနက်စာအတွက်ပြင်ထားပေးတဲ့ခေါက်ဆွဲပန်းကန်တွေကိုလည်း အကုန် မှောက်ပစ်ခဲ့ပြီးအိမ်ထဲကနေဝုန်းဒိုင်းကြဲထွက်သွားတဲ့ခွေးပေါက်လေးကအရင်လို အူရိုင်းလေးမဟုတ်တော့တာတော့ကျိန်းသေသည်။ဂူးဂူးဂဲဂဲနဲ့ပြန်ပြီးရန်ရှာတတ်တဲ့ပုံလေးကတော်တော်ကိုချစ်ဖို့ကောင်းတာတော့အမှန်။
"ဟိုပွဲမှာတုန်းက လူပုံအလယ်မှာဖြစ်ခဲ့တဲ့ကိစ္စကို မားတို့ကို ဘာလို့တစ်ခွန်းတောင်ပြန်မဟတာလဲ...မီဒီယာပေါ် မရောက်တာ ဟိုဘက်ကဖုံးလိုက်တာလည်းပါပေမယ့် မင်းကိုယ်တိုင်လည်းဘာလို့ဖုံးထားတာလဲ...ဟိုဘက်ကတောင်းပန်စာရောက်လာမှ သိရတယ်..."