အပိုင်း(၃၃) Unicode

944 120 13
                                    

မျက်ခြေလုံးဝပြတ်လို့သွားသည့် ကားနောက်ကိုဝမ်ရိပေါ် ဆက်မလိုက်တော့ဖို့ဆုံးဖြတ်လိုက်​၏။ဘယ်နေရာကိုဦးတည်လို့သွားမှန်းမသိသည့်အရာတစ်ခုကိုမျက် ကန်းတစ်ယောက်လို မမြင်မကန်းလိုက်နေမည့်အစား အနီးဆုံးယာဉ်ထိန်းရဲစခန်းထဲသို့ဝင်လိုက်တာဖြစ်သည်။

အခမ်းအနားတစ်ခုမှထွက်ပြေးလာသည့်လူတစ်ယောက်လို အဖြူရောင်ဝတ်စုံပြည့်ဖြင့်ဖြစ်နေသည့်ဝမ်ရိပေါ်ကိုရဲစခန်းအတွင်းမှလူများကွက်ကြည့်ကွက်ကြည့်လုပ်သည်။ဒါတွေက်ို ဝမ်ရိပေါ်ဂရုမစိုက်နိုင်။ရဲအရာရှိတစ်ဦး​၏အရှေ့သို့လျှောက်သွားလိုက်ကာ အကျိုးအကြောင်းပြော၍ လမ်းတစ်လျှောက်မှ CCTV မှတ်တမ်းများကိုကြည့်ဖို့ခွင့်တောင်းသည်။

CCTV မှတ်တမ်းများအရ ရှောင်းကျန့်မောင်းလို့သွားသည့် ကားက လမ်းကြိုလမ်းကြားတစ်ခုထဲထိုးကွေ့သွားသည်ကိုတွေ့​၏။ ထို့နောက်ဘာဆက်ဖြစ်လဲမမြင်ရတော့။ အဘယ်ကြောင့်ဆိုသော်ရှောင်းကျန့်ရွေးမောင်းသွားသည့်နေရာက အင်မတန်ချောင်ကျပြီး CCTV များတစ်ခုမှမရှိသောနေရာဖြစ်သောကြောင့်ဖြစ်​၏။

ဝမ်ရိပေါ် သူ့မျက်နှာတစ်ပြင်လုံးကိုနီရဲနေအောင်ပွတ်သပ်သည်။သူ့ကိုကူညီပေးသည့်ရဲအရာရှိအား ကျေးဇူးတင်စကားပြော၍ သူ့ကားရှိရာသို့ပြန်လျှောက်လာကာ ရှောင်းကျန့်​၏ကားကိုနောက်ဆုံးတွေ့လိုက်ရသည့် နေရာသို့သွားဖို့ဦးတည်လိုက်​၏။

CCTV ထဲမှာတွေ့ခဲ့ရသည့်နေရာဘက်ကို ဝမ်ရိပေါ်ရောက်သည့်အခါ ကားပေါ်ကဆင်းလာပြီးနောက်အတော် ကြီးကိုချောင်ကျလွန်းသည့်နေရာ၌ရပ်ထားသည့်ကားတစ်စီးကိုရှာတွေ့သည်။ဦးနှောက်ထဲအလွတ်ကျက် ထားသည့် ကားနံပါတ်နဲ့တစ်ထေရာတည်းဖြစ်နေသည့်အခါ ရှောင်းကျန့်​၏ကားမှန်းသေချာလို့သွားတာကြောင့် ထိုကားနားသို့ဝမ်ရိပေါ်ပြေးသွားလိုက်​၏။

ဝမ်ရိပေါ်လက်သီးကိုကျစ်နေအောင်ဆုပ်ထားသည်။ ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်သည့်အခါ လမ်းဆိုသည့်နေရာကသတ်သတ်မှတ်မှတ်မရှိဘဲ ဟိုးတစ်ဖက်ဆန့်ကျင်ဘက်အရပ်မှာရှိသည့်လမ်းမကြီးအပေါ်ပြန်ရောက်ဖို့ဆိုရင် တိုက်ကြိုတိုက်ကြားတွေထဲကနေသာသွားရမည်ဖြစ်​၏။

T.O.X.I.CWhere stories live. Discover now