Arc1(အပိုင်း1)

5.7K 355 48
                                        

အအပိုင်း1(ဆိုင်ရမ်မြို့)

ပိုင်လျို သတိရလာသောအခါ၌ သူ့ကိုယ်သူ ကားနောက်ခန်းတစ်ခုထဲမှာထိုင်နေသည်အား သိလိုက်ရ‌လေသည်။ကားနောက်ခန်းသည် ကျဉ်းမြောင်းရုံသာမက ဟောင်းနွမ်း‌နေသောထိုင်ခုံတွင် ဆေးလိပ်အနံပြင်းပြင်းကပါ စွဲကပ်နေ‌သေးသည်။အပြင်ဘက်တွင်မူ ရေများသည် ကားပြတင်းပေါက်မှန်ပေါ်မှတစ်ဆင့် တစ်ဖြည်းဖြည်းခြင်းကျဆင်းနေ​လေ၏။ပြတင်းပေါက်အပြင်ဘက်သို့ကြည့်လိုက်ရုံဖြင့် အပြင်ဘက်တွင် မိုးဖွဲဖွဲရွာနေသည်ကို သိရှိနိုင်လေသည်။အပြင်ဘက်တွင် ကောင်းကင်သည်မဲ​မှောင်နေပြီး ထိုအရာသည် မြူတွေလား ညအ​မှောင်ထုလားဆိုတာကိုတော့ ပြောဖို့ရန်ခက်ခဲလှ​ပေသည်။ထို့အပြင် ပိုင်လျို၏နှာခေါင်းဝထံသို့ ပျံလွင့်လာသော ငါးဆားနယ်နံက သူ့အားနေရထိုင်ရခက်စေသည်။

သူ့မျက်စိရှေ့တွင်မူ ဖန်သားပြင်တစ်ခုကလွင့်မျောနေပြီး ထိုအရာက [ဂိမ်း ညွှန်ကြားချက်] ဟု ရေးသားထားလေသည်။

ပိုင်လျို မျက်မှောင်ကြုတ် လိုက်‌မိလေသည်။

ဒါဘယ်နေရာလဲ?ငါက ဘာလို့ဒီရောက်နေရတာလဲ?ဒီဖန်သားပြင်ကကော ဘာကြီးလဲ?

ထိုအရာသည် သူ၏စိတ်အားဖတ်လိုက်သကဲ့သို့ပင် ဖန်သားပြင်ပေါ်၌သူသိချင်သောအဖြေများကို ဖော်ပြလေသည်။

[သင်ဟာ သင်အတွက်အသက်အန္တရာယ်ကိုပါရှိနိုင်တဲ့ဂိမ်းတစ်ခုထဲကိုရောက်ရှိနေတာပါ။ဒီကိုရောက်ရှိနေရ တဲ့အကြောင်းအရင်းကတော့ သင်ရဲ့အလုပ်လက်မဲ့ဖြစ်ပြီးနောက်မှာထွက်ပေါ်လာခဲ့တဲ့ ကြီးမားတဲ့ပိုက်ဆံမက်တဲ့ဆန္ဒကို ကျွန်ုပ်တို့အာရုံခံမိတာကြောင့်ပဲဖြစ်ပါတယ်။သင့်ရဲ့ ဆန္ဒဟာအရမ်းကြီးမားတာကြောင့် ကျွန်ုပ်တို့ ဂိမ်းမှာပါဝင်ရန် လိုအပ်ချက်နဲ့ကိုက်ညီခြင်းဖြစ်ပါတယ်။]

ဖန်သားပြင်ထက်တွင် စာကြောင်းများ တစ်ခုပြီးတစ်ခုပေါ်လာသည်အား ကြည့်ရင်း နောက်ဆုံးတွင် ပိုင်လျို တစ်စုံတစ်ခုကို သတိရသွားလေသည်။

ဟုတ်သည် မှန်၏, သူ အလုပ်ပြုတ်သွားခဲ့သည်။

ပြောရလျှင်ဖြင့် သူသည် ပိုက်ဆံကိုအရမ်းမက်သော ယောင်္ကျား​လေးတစ်ယောက် ဖြစ်သည်။သူငယ်စဥ်ကလေးဘဝကတည်းက ပိုက်ဆံကို ရူးရူးမှုးမှုး စွဲလမ်းနေခြင်းဖြစ်၏။‌ဆေးရုံမှစိတ်ရောဂါကုဆရာဝန်များသည် သူ၏ရောဂါအား "ပိုက်ဆံစုချင်စိတ် ပြင်းထန်သော"ရောဂါဟုအမည်ပေးခဲ့လေသည်။ဆရာဝန်များမှ အကယ်၍ပိုင်လျိုသည် သူ၏ပိုက်ဆံအရမ်းမက်​သောဆန္ဒအားမထိန်းချူပ်နိုင်ခဲ့လျှင် ထိုဆန္ဒကြောင့် သူသည်ပိုက်ဆံအတွက် အရမ်းရူးမိုက်​သောအရာများအား လုပ်ဆောင်လိမ့်မည်ဟု ဆိုပြီး ပြောခဲ့လေသည်။

ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်းМесто, где живут истории. Откройте их для себя