အပိုင်း25 Part4 (ဆိုင်ရမ်မြို့)
" ဒါ သိပ်မကောင်းဘူး...... " ပိုင်လျို သူ၏သွေးထွက်နေသောလက်ကိုအုပ်ကာ အသက်ဝဝရှုနိုင်ရန်အတွက် လမ်းကြားနံရံအား မှီလိုက်၏။ သူသည် မိုးရေများကြောင့်စိုရွှဲနေပြီး ပင်လယ်ထဲမှ တက်လာသည့် ငါးတစ်ကောင်နှင့်တောင်မှ တူနေလေသည်။
မူးဝေခြင်းနှင့်မှုံမှိုင်းနေခြင်းတို့အား ကျင့်သားရရန်အတွက် ပိုင်လျို သူ့မျက်လုံးများအားမှိတ်လိုက်ကာ အသက်ရှုခြင်းအားချိန်ညှိလိုက်၏။ ကူးဆက်ခံလိုက်ရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာစွမ်းရည်အမှတ်60အောက်သို့ ကျဆင်းသွားသောခံစားချက်မှာ သူ့ခန္ဓာကိုယ်၏ အာရုံခံစားမှုများနှင့် တွေးခေါ်နိုင်စွမ်းများအားလုံးအား ရေပွေကြီးတစ်ခုထဲသို့ သို့မဟုတ် black holeတစ်ခုကဲ့သို့ပင် ဆွဲငင်နေလေသည်။ ပိုင်လျို အရင်က ဤအရာအား တစ်ချိန်ခံစားခဲ့ဖူးပါသော်လည်း ထိုအချိန်၌ ၊ စောစီးစွာ မသက်မသာဖြစ်ပြီးသည့်နောက်၌ စိတ်ပိုင်းဆိုင်ရာစွမ်းရည်အား မြန်မြန်ကောင်းမွန်လာစေရန်အတွက်
သူ၏ ပြင်းထန်သောခံနိုင်ရည်စွမ်းအား အားကိုးခဲ့ရ၏။ ယခုအချိန်မှာတော့......
ပိုင်လျို၏ ဒူးများပျော့ခွေလာပြီး သူ့လက်များမှာမူ မြေပြင်ပေါ်သို့ ထောက်ကျသွား၏။ သူ၏ မျက်နှာထပ်တွင်မူ မီးခိုးနက်ရောင်မျဉ်းကြောင်းများသည် လျှင်မြန်စွာ ဖုံးလွှမ်းနေပြီး မျက်လုံးအောက်ဘက်တွင်မူ အစိမ်းရင့်ရောင် အကြေးခွံများ စတင်ပေါ်ပေါက်လာပြီဖြစ်သည်။ သူ၏ အသားရောင်သည် ပို၍ဖြူဖျော့လာပြီး ငါးတစ်ကောင်၏ ဖြူဖက်ဖြူရော် အသားရောင်ကဲ့သို့ပင်။ သူ၏ ခေါင်းထပ်၌ မိုးများအဆက်မပြတ်ရွာသွန်းနေသောအချိန်တွင် ပိုင်လျိုခေါင်းငုံ့လျက် အသက်ရှုရှိုက်နေရ၏။ ပိုင်လျို၏ ယခုပုံစံမှာ ကမ်းပေါ်သို့တက်လာသော ငါးတစ်ကောင်ကဲ့သို့ပင်။
" ဒါ ငါ့အမှားပဲ။ " ပိုင်လျို၏ လေသံမှာမူ အလွန်တည်ငြိမ်နေစဲဖြစ်၏။ " စိတ်ပိုင်းဆိုင်ရာတန်ဖိုး 60အောက်ကျဆင်းသွားတာက ငါ့အပေါ်ဒီလောက်ထိ ကြီးကြီးမားမားအကျိုးသက်ရောက်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ "
YOU ARE READING
ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်း
HorrorCN name : 我在惊悚游戏里封神 EN name : I Become A God In A Horror Game (GHG) Author : 壶鱼辣椒 /Pot Fish Chili Chapter : 598 chpters complete (Etran ongoing) Original publisher : jjwxc Date : (3.1.2023 /...........) အလုပ်ပြုတ်ပြီးနောက် ပိုင်လျို တစ်ယောက် မကောင်း...
