အပိုင်း14(ဆိုင်ရမ်မြို့)
အချစ်စစ်၏ သင်္ဘောတာဝန်ကို အဘယ့်ကြောင့်အမှတ်100ပေးသည်ဆိုသည်အား မထူးဆန်းတော့ပေ။ ၎င်း၏ အန္တရာယ်ရှိနိုင်နှုန်းသည် အခြားသော တာဝန်များထက် ပို၍မြင့်မားသောကြောင့်ဖြစ်လေသည်။ အန်ဒရီသည် သူ၏အစားစားချင်စိတ်အား မထိန်းချုပ်နိုင်တော့ပဲ ကားသမားလက်ထဲရှိ အသားညှပ်ပါမုန့်အား လုယူလိုက်လေသည်။ " ကျွန်တော်ကိုလဲပေးစားပါဦး။ "
ကားသမားလက်ထဲတွင်ရှိခဲ့သော အသားညှပ်ပါမုန့်သည် ယခုအချိန်၌ အန်ဒရီ၏ ပါးစပ်အတွင်းသို့ အတင်းထိုးထည့် မြိုချခြင်းခံလိုက်ရလေပြီ။ သူသည် အလွန်ရိုင်းဆိုင်းသော အပြုအမူဖြင့်စားသောက်နေခြင်းဖြစ်ပြီး ပါမုန့်အားဝါးစားနေသောအချိန်တွင်လည်း သူ့ရင်ဘက်သူထုနေလေ၏။ သို့သော် ကားသမားသည် ၎င်းအား ပြန်လုယူခဲ့ခြင်းမရှိပေ။ သူသည် သူ၏ သနားကြင်နာတတ်သောမျက်လုံးများဖြင့် ပါမုန့်အားအသည်းအသန်စားသောက်နေသော အန်ရီအား တိရိစ္ဆာန်တစ်ကောင်အားကြည့်နေသကဲ့သို့ ကြည့်နေလျက်ရှိပြီး ဂရုဏာသက်စွာဖြင့် "ဖြည်းဖြည်းစားနော် သားလေး၊ မင်းဘာမှသိပ်မစားရသေးလို့ ဗိုက်အရမ်းဆာနေတယ်မဟုတ်လား?ညစာကို အရသာရှိရှိစားနော်။"
ပိုင်လျို သူတို့အား တစ်ချက်ကြည့်လိုက်၏။ "ဒါက သူ့ရဲ့ဒုတိယအကြိမ်မြှောက်ညစာ....။" ပထမအကြိမ်မှာ ဂျက်စီမှလုယူခဲ့ခြင်းဖြစ်သည်။
ညစာအားလုယူခြင်းခံခဲ့ရရှာသော ဂျက်သည် ပိုင်လျိုစကားအားကြားသောအခါ အနည်းငယ်တုန်လှုပ်သွားပြီး သူ၏ နားအနောက်တွင်လဲ ပါးဟက်ကဲ့သို့အရာများထွက်ပေါ်လာလေသည်။ ဂျက်၏ ပါးဟက်များသည် ဒေါသကြောင့်ပေါ်ထွက်လာခြင်းဖြစ်ပြီး သူ၏သွားများသည်လဲ ငါးမန်းတစ်ကောင်၏ သွားများကဲ့သို့ ချွန်မြထက်ရှလာပြီး ထူထပ်လာပေသည်။
ထိုကဲ့သို့ ကြောက်စရာကောင်းသောမြင်ကွင်းသည် တခဏမျှသာဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ပိုင်လျို၏ အကြည့်အောက်တွင်ပင် ဂျက်သည် မဝံမရဲဖြင့်ခေါင်းငုံသွားပြီး ဘာမှမဖြစ်ခဲ့သကဲ့သို့ သူ့မျက်နှာအားဖုံးကွယ်လိုက်လေသည်။ ထူးခြားစွာဖြင့် သူ၏မျက်လုံးများသည်သာ နောက်ကြည့်မှန်ပေါ်တွင် ထင်ဟပ်နေသော
ပိုင်လျို၏မျက်နှာအား စိုက်ကြည့်နေခြင်းဖြစ်သည်။
BẠN ĐANG ĐỌC
ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်း
Kinh dịCN name : 我在惊悚游戏里封神 EN name : I Become A God In A Horror Game (GHG) Author : 壶鱼辣椒 /Pot Fish Chili Chapter : 598 chpters complete (Etran ongoing) Original publisher : jjwxc Date : (3.1.2023 /...........) အလုပ်ပြုတ်ပြီးနောက် ပိုင်လျို တစ်ယောက် မကောင်း...
