Arc1(အပိုင်း22)

1.3K 210 18
                                        

အပိုင်း22(ဆိုင်ရမ်မြို့)

ဖိုရမ်ပေါ်တွင် ပိုင်လျို၏လုပ်ဆောင်ချက်များ ကောင်း၊ မကောင်းနှင့်ပတ်သတ်၍ မေးခွန်းထုတ်နေကြသော်လည်း ဝမ်ရွှမ်းမှာမူ ဒီလိုမြင်ကွင်းမျိုး ဖြစ်လိမ့်မည်ဆိုသည်အား မျှော်လင့်ခဲ့ပြီးသားဖြစ်၏။

ပိုင်လျို၏ ယခင်ကစွမ်းဆောင်ရည်များသည် အလွန်ကောင်းမွန်သည့်
အပြင် ပရိတ်သတ်များ recharged ပေးသော အမှတ်ပမာဏမှာလည်း အလွန်များပြားလေပြီး စုစုပေါင်း အမှတ်ပမာဏ500အထိ ကျော်လွန်လေသည်။ ယခင်က ဆိုင်ရမ်မြို့ဂိမ်း၏ စံချိန်တင်ထားသောသူမှာ မုစစ်ချန်းဖြစ်ပြီး rechargeလုပ်ပေးခြင်းမှနေ၍ အမှတ်1000ကျော်ခန့်ရရှိခဲ့လေသည်။ စင်စစ်လူသစ်တစ်ယောက်အတွက် အမှတ်500ကျော်မှာ အလွန်များပြားလေသည်။

အရမ်းမျက်စိဖမ်းစားနိုင်လွန်းပါက အခြားသူများ၏ မနာလိုမူများကိုလည်း ဆွဲဆောင်နိုင်ပေလိမ့်မည်။ ဆိုင်ရမ်မြို့ဂိမ်းအား အခြားသူများဆော့ကြသောအခါ၌ အန္တရာယ်အား ကြောက်ရွံစွာဖြင့် နေထိုင်ခဲ့ကြရလေသည်။ ထို့အပြင် Itemsများ၏ ကုန်ကျစရိတ်များအားနုတ်ယူပြီးသောအခါ၌ အမှတ်100၊ 200လောက်သာ ခက်ခက်ခဲခဲရရှိခဲ့ကြလေသည်။ ထိုအချိန်၌ ပိုင်လျိုမှာမူ မကောင်းဆိုးဝါးများနှင့် အလွယ်တကူတိုက်ခိုက်နိုင်ရန် Itemsများဝယ်ယူရန်အတွက် ဒါဇင်ချီသောအမှတ်များအား အသုံးပြုခဲ့သည့်အပြင် အမှတ်ရာချီကိုလည်း အလွယ်တကူရရှိနိုင်လေသည်။

ရှိုးပွဲ၏ အကျိုးသက်‌ရောက်မူများအပြင် သူ၏ ဂိမ်းဇာတ်ကြောင်းအားရှင်းလင်းသည့် အကျိုးသက်ရောက်မူမှာလဲ မယုံကြည်နိုင်လောက်အောင် အံသြစရာကောင်းလေသည်။ အကယ်၍ တစ်စုံတစ်ခုသာ မဖြစ်ပေါ်ခဲ့ပါက အနာဂတ်တွင် ပိုင်လျို၏အဆင့်သည် အရာအားလုံး၏ထိပ်ဆုံး၌ ‌ရောက်လိမ့်မည်ဆိုသည်အား ဝမ်ရွှမ်းသေချာသိလေသည်။

မည်သို့ပင်ဆိုစေကာမူ ပိုင်လျိုဝယ်ခဲ့သော အရက်ပြင်းများ၏ လက်ကျန်အရက်စည်များကို မည်သည့်နေရာတွင် အသုံးချမလဲဆိုသည်ကိုတော့ သူအလွန်သိချင်နေသည်။ ပိုင်လျိုသည် အမှတ်တစ်မှတ်တစ်လေမျှ မဖြုန်းတီးမည့်ကစားသမားထဲ၌ ပါဝင်လိမ့်မည်ဟု ဝမ်ရွှမ်းခံစားမိလေသည်။ အရက်စည် 5စည်နှင့် ထို့နောက် ရေပူပေါင်းအားဝယ်ယူလိုက်ခြင်းသည် သူ့အတွက် ထိုနှစ်ခုသည် လုံးဝကို မသက်ဆိုင်သော စီမံမူတစ်ခုဖြစ်လေသည်။

ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်းDonde viven las historias. Descúbrelo ahora