အပိုင်း20(ဆိုင်ရမ်မြို့)
ကြည့်ရှုနေသောကစားသမားများမှာမူ ပိုင်လျို အကိုက်ခံရလုနီးနီးဖြစ်နေသည်အားမြင်တွေ့လိုက်ကြရသောအခါ၌ ပါးစိပါးစပ်များသော အဖိုးကြီးများကဲ့သို့ပင် စိတ်လှုပ်ရှားပူပင်ကုန်ကြ၏။
" ထတော့!! ထပြီးတော့ မကောင်းဆိုးဝါးတွေကို ချပါတော့။"
" ချီးမို့လို့ အိပ်နေတာလား..မင်းအပြင်ပြန်ရောက်ရင်လဲ အိပ်လို့မရတော့မှာ မို့လို့လားကွ? အိပ်ချိန် 1နာရီလောက်လျော့နေလို့ ဟုတ်လား?? ဂိမ်းဆော့နေရင်းနဲ့ မအိပ်ရဘူးလို့ မင်းအမေက မင်းကို မသင်ပေးထားဘူးလား!! "
" ငါဂိမ်းဗီဒီယိုတွေကို လိုက်ကြည့်နေခဲ့တာ တော်တော်ကြာခဲ့ပြီ.ဒါပေမယ့် တစ်ယောက်ယောက်က ဒီလိုမျိုး ဒီတိုင်းကြီးလှဲအိပ်နေတာကိုတော့ မမြင်ဖူးဘူး။ "
လူအုပ်ကြီး၏ ဆူညံသံများအကြား TVအသေးလေးပေါ်ရှိ ပိုင်လျိုမှာလည်း နိုးလာသည့်ပုံပေါ်ပြီး သူ့မျက်လုံးများအားဖွင့်လိုက်၏။
သူသည် ပင်လယ်ပြင်ထက်ရှိ လှိုင်းလုံးများအား ကြည့်နေခြင်းဖြစ်၏။ ထို ပင်လယ်မျက်နှာပြင်ထက်တွင်မူ ရေသူမများထဲမှ တချို့တဝက်သည် ၎င်းတို့၏ ပါးစပ်များအား ဖွင့်ဟလျှက် ပိုင်လျို၏ လှေငယ်ရှိရာဘက်သို့ ကူးခတ်လာကြ၏။ သူတို့၏ ခြေထောက်များသည် ပင်လယ်ရေအောက်၌ ငါးရှဥ့်တစ်ကောင်၏အမှီးများကဲ့သို့ပြောင်းလဲနေသည်အား ပိုင်လျိုမြင်တွေ့နိုင်လေသည်။ ၎င်းတို့၏ ပုံစံမှာ ရေမြွေများကဲ့သို့ပင် ဖြစ်ပြီး ပင်လယ်ရေအောက်မှတစ်ဆင့် မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်စွာဖြင့် ပိုင်လျို၏ လှေရှိရာဘက်သို့ အလွန်လျှင်မြန်စွာ ကူးခတ်လာကြလေသည်။ ပိုင်လျို၏ လှေနှင့် သိပ်မဝေးသော အန်ဒရီ၏ လှေငယ်မှာမူ သွေးများ၊ အသားအပိုင်းအစများနှင့် အရိုးဖြူဖြူများဖြင့် ပြည့်နက်နေလေသည်။
အန်ဒရီ၏ ခန္ဓာကိုယ်အောက်ပိုင်းမှာမူ ပူးကပ်သွားပြီး ငါးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားခြင်းဖြစ်၏။ သူ၏ အဝတ်အပိုင်းအစများမှာမူ တစ်ချို့မှာ လှေငယ်၏ ဘေးတစ်ဖက်၌ တွယ်ငြိနေပြီး တစ်ချို့မှာမူ ပင်လယ်ပြင်ပေါ်၌ ပေါလောပေါ်နေခြင်းဖြစ်ပြီး ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုရေသတ္တဝါများသည် အလွန်ရက်စက်ကြမ်းကြုတ်ကြောင်း သိနိုင်လေသည်။
KAMU SEDANG MEMBACA
ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်း
HororCN name : 我在惊悚游戏里封神 EN name : I Become A God In A Horror Game (GHG) Author : 壶鱼辣椒 /Pot Fish Chili Chapter : 598 chpters complete (Etran ongoing) Original publisher : jjwxc Date : (3.1.2023 /...........) အလုပ်ပြုတ်ပြီးနောက် ပိုင်လျို တစ်ယောက် မကောင်း...
