Arc1(အပိုင်း17)

1.5K 226 11
                                        

အပိုင်း17(ဆိုင်ရမ်မြို့)

သင်္ဘောသားများသည် သင်္ဘောဘေးနှစ်ဖက်ရှိ ငါးဖမ်းပိုက်များအား ပစ်ချလိုက်ပြီးနောက် တစ်စုံတစ်ခုအား ထူးဆန်းစွာဖြင့် ရေရွတ်နေကြ၏။ ပိုင်လျိုသည် 'Siren King၏ လက်ဆောင်'ဟူသော စကားကိုသာ ကြားနေရလေသည်။ ဂျက်သည် သင်္ဘောကုန်းပတ်ဘေးဘက်၌ရပ်ကာ အောက်ဘက်သို့ ငုံ့ကြည့်နေပြီး သူ့မျက်နှာထက်တွင်လည်း ထူးဆန်း၍ တစ်ခုခုအား ရူးသွပ်နေသောအမူအယာများ ရှိနေလေသည်။ "သူတို့တွေက Siren Kingကို သူတို့တွေအတွက် ရေသူမတွေအများကြီး ဆောင်းကျဉ်းပေးဖို့ ဆုတောင်းနေကြတာလေ။"

ဂျက်၏စကားမဆုံးခင်အချိန်တွင် သင်္ဘောတစ်ဖက်ရှိ သင်္ဘောသားများသည် ပိုင်ကွန်များအားဆွဲထုတ်လိုက်ကြကာ တစ်ယောက်ပြီးတစ်ယောက် ပင်လယ်ထဲသို့ ခုန်ချသွားကြ၏။ လူစီသည် အလန့်တကြား အော်ဟစ်ဟစ်လိုက်ပြီး " သူတို့ဘာတွေလုပ်နေကြတာလဲ? ရေသူမတွေကို မဖမ်းချင်ကြတော့ဘူးလား? ဘာလို့ သူတို့ဘာသာသူတို့ ရေထဲကို ခုန်ဆင်းသွားကြတာလဲ?"

ပိုင်လျို၏ အမူအယာများမှာမူ အလွန်ပေါ့ပါးလျက်ရှိသည်။ " သူတို့တွေက ရေသူမတွေကို ဖမ်းနေကြတာလေ။"

ပင်လယ်ရေအောက်မှ ငါးဖမ်းပိုက်ကွန်ကြီးတစ်ခု ပေါလောပေါ်မလာခင်အထိ အချိန်တစ်ခုခန့် ကြန့်ကြာသွား၏။ ငါးဖမ်းပိုက်ကွန်ကြီးထဲတွင်မူ ခြေပြတ် လက်ပြတ်များနှင့် ငါးမှီးအပိုင်းအစများ ပါလာလေသည်။ ထို့အပြင် ဒါဇင်ချီသော ရေသူမများသည် ပိုက်ကွန်ထဲ၌ ပိတ်မိနေကြပြီး သူတို့အားလုံးမှာမူ သေဆုံးနေနှင့်ကြပြီးဖြစ်သည်။ သူတို့၏ အမှီးများသည်လည်း ပုပ်ပွစေးကပ်နေကြ၏။

ဤရေသူမ 12ကောင်၏ ပုံပန်းသွင်ပြင်မှာမူ အမှိုက်ပုံထဲရှိ အရုပ်မများကဲ့သို့ပင် ဖြစ်နေလေသည်။ ၎င်းတို့သည် ပိုက်ကွန်အတွင်း အနေအထားတစ်ခုစီသို့ လည်သွားကာ သူတို့၏ အသက်မရှိသောမျက်လုံးများမှာမူ သင်္ဘောပေါ်ရှိ လူများဘက်သို့ ကြည့်နေကြ၏။ သူတို့အားလုံး၏ မျက်နှာများပေါ်၌ ကြောက်ရွံတုန်လှုပ်နေသော အမူအယာများအား ချိတ်ဆွဲထားကြကာ ခန္ဓာကိုယ်အနှံ့တွင်လည်း ကိုက်နက်ရာများဖြင့် ပြည့်နက်နေလေသည်။ ၎င်းတို့အားကြည့်ရသည်မှာ အလွန်အန္တရာယ်များသော ပင်လယ်ရေနက်ပိုင်းရှိ ငါးများ၏ သတ်ဖြတ်ခြင်းအားခံခဲ့ရပြီး ပိုက်ကွန်ထဲသို့ ပစ်ထည့်ခြင်းခံလိုက်ကြရသည့်ပုံပေါ်သည်။

ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်းWhere stories live. Discover now