Arc1(အပိုင်း27 Part1)

980 100 23
                                        

အပိုင်း27 Part1 (ဆိုင်ရမ်မြို့)

မုစစ်ချန်း၏ ဦးထုပ်ပေါ်ရှိမျောက်သည် သူ၏ပါးစပ်အားရုတ်တရပ်ဖွင့်ကာ ပြုံးပြလိုက်၏။ သူ၏ မျက်လုံးများအတွင်း၌ ဖြတ်ပြေးသွားသောအနီရောင်အလင်းတန်းမှာ မုစစ်ချန်း၏ လူများအား သတ်ဖြတ်ရန်အကြံပေးချက်အား တုန့်ပြန်လိုက်သကဲ့သို့ပင်။၎င်း၏ပုံမှာ အလွန်ထူးဆန်းပြီး ခြောက်ခြားဖွယ်ကောင်းလေသည်။

သူတို့ကိုယ်သူတို့တော်တတ်လှပါပြီဟုဆိုကာ ဆရာကြီးများသဖွယ် ပြုမူနေကြသော ပရိတ်သတ်များမှာမူမုစစ်ချန်းကြောင့် ထိပ်လန့်ကုန်ကြ၏။ သူတို့အားလုံးမှာ ကြောက်လန့်တကြားအော်ဟစ်ကုန်ကြကာ နေရာအနှံ့သို့ ထွက်ပြေးကြလေတော့သည်။ ဤနေရာမှ လွှတ်မြောက်နိုင်ရန်အတွက် ကြိုးစားကြစဉ်တွင် အချို့လူများမှာမူအလွန်မြန်ဆန်စွာထွက်ပြေးကုန်ကြသောကြောင့် တစ်ယောက်နှင့်တစ်ယောက် တိုက်မိကုန်ကြ၏။၎င်းတို့မှာ ပိုင်လျို၏Tvအသေးလေးအား ကြည့်ရှုသည့် ဧရိယာအရှေ့မှ အလွန်ရှက်ဖို့ကောင်းစွာတွားသွားလျက် ထွက်ပြေးကုန်ကြလေသည်။

မုစစ်ချန်း သူ့ဦးထုပ်အားပြန်ဆောင်းလိုက်ပြီး အရှေ့ဆုံးနေရာ၌ မည်သည့်ကိစ္စမှ မဖြစ်ခဲ့သကဲ့သို့ မတ်တပ်ရပ်လိုက်၏။ သူ၏မျက်နှာမှာ ယခင်ကကဲ့သို့ မည်သည့်အမူအရာမှမရှိပြန်ဖြစ်သွားပြီး ပိုင်လျို၏Tvအသေးလေးအား ပြန်ကြည့်လိုက်လေသည်။ အနီးနားပတ်ဝန်းကြင်ရှိ တခြားကြည့်ရှုသူများမှာမူ ဘာမှမတက်သာပဲ အနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ကာ အရှေ့ဆုံးနေရာ၌ မုစစ်ချန်းကြည့်ရှုနိုင်ရန်အတွက် နေရာဖယ်ပေးလိုက်ကြ၏။

ထိုပရိတ်သတ်များမှာလဲ မုစစ်ချန်းတစ်ယောက် ပိုင်လျို၏ Tvအသေးလေးအား ကြည့်နေသည်ကို သူတို့ အနှောက်ယှက်ပေးမိမည်ကို စိုးရိမ်ကြသောကြောင့် ၎င်းတို့၏ ပုံမှန်ဆွေးနွေးနေမှုများမှာလဲ မူလကထက်ကိုပင် ပို၍ပို၍တိုးသွားကြလေသည်။ ဝမ်ရွှမ်းသည် မုစစ်ချန်း၏အနောက်၌ ရပ်လိုက်ပြီး သူ၏အမူအရာမှာလည်း သူ၏ခံစားချက်ကဲ့သို့ရှုပ်ထွေးနေလေသည်။ သူသည် ပထမဦးဆုံးအကြိမ်အဖြင့် မုစစ်ချန်း၏အန္တရာယ်အငွေ့အသက်အား ကြုံတွေ့ဖူးခြင်းဖြစ်သည်ပင်။

ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်းМесто, где живут истории. Откройте их для себя