Arc1(အပိုင်း15)

1.4K 239 14
                                        

အပိုင်း15(ဆိုင်ရမ်မြို့)

(TN : 'သေဆုံးခြင်းဟာသကမ္ဘာဧရိယာ'ကို 'မရဏဟာသကမ္ဘာဧရိယာ'လို့ပြောင်းလိုက်ပါတယ်။)

"F*k!" ဝမ်ရွှမ်းတစ်ယောက် မပေါက်ကွဲပဲမနေနိုင်တော့ပေ။ " ကိုယ့်ကိုယ်ကို မသတ်သေနဲ့ဦးကွ ငါအခုထိ နတ်ဘုရားအဆင့်လေလွင့်NPCနဲ့ ပတ်သက်တဲ့အချက်အလက်တွေ တစ်ခုမှမစုဆောင်းရသေးဘူး!!! ရုပ်ထုတွေကို တိုက်ရိုက်ထိတွေ့လိုက်လို့ရှိရင် မင်းကူးဆက်ခံလိုက်ရပြီး မင်းရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းရည်အမှတ်တွေလျော့နည်းသွားလိမ့်မယ်ကွ။ စိတ်ပိုင်းဆိုင်ရာစွမ်းရည်အမှတ်တွေကျဆင်းသွားတဲ့အခါကြရင် မင်းစိတ်ရှုပ်ထွေးလာလိမ့်မယ်။ အဲ့ဒီ့အချိန်ကြရင် မင်းမြင်နေရတဲ့အရာတွေက အစစ်အမှန်ဟုတ်လား မဟုတ်ဘူးလားဆိုတာကို ခွဲခြားနိုင်တော့မှာမဟုတ်ဘူး!! မင်းက ဂိမ်းကို ချီးလို ကစားနေတာလားကွ!!"

ဝမ်ရွှမ်း၏ အားရပါးရ ကျိန်ဆဲသံသည် အခြားသောကစားသမားများ၏အာရုံအား ဆွဲဆောင်သွား၏။

ဤဖန်သားပြင်ဧရိယာအတွင်းရှိ(မရဏဟာသကမ္ဘာဧရိယာ) ကစားသမားများသည် တစ်ပါးသူ၏ သေဆုံးခြင်း သို့မဟုတ် တစ်ခြားသူများ၏ မျက်လုံးများအား ဆွဲဆောင်ရန် ခက်ခက်ခဲခဲကြိုးပမ်းကစားနေကြသူများအား ကြည့်ရန် နှစ်သက်ကြသည်။ သို့သော် သူတို့သည် သေဆုံးသည့်နည်းလမ်းများစွာအတွင်း၌ အမှိုက်ဆန်ဆန်ကစားကြသူများအား မနှစ်သက်ကြပေ။ ထို့ကြောင့် ဤနေရာရှိ လှည့်လည်ကြည့်ရှုသူများသည် ကစားသမားများ၏ ဆန်းသစ်သော သေဆုံးခြင်းနည်းလမ်းအသွင်သွင်အား ကြည့်ရှုရသည်ကိုသာ နှစ်သက်လေသည်။ ထိုကြည့်ရှုသူများသည် ပိုင်လျိုမှ ရေသူမရုပ်ထုအား ထိရန် လက်လှမ်းနေသည်အား တွေ့မြင်လိုက်သောအခါ၌ အနည်းငယ်အံဩသွားကြ၏။ " ဝိုး "

ကြည့်ရှုနေသော အဖွဲ့ဝင်များ၏ မျက်လုံးများမှာ ဝိုင်းစက်သွားကြ၏။ " F*k , ဒီလို သေဖို့အကြောင်းရှာနေတဲ့ ကစားသမားကို ပထမဆုံးမြင်ဖူးတာပဲ။ မကောင်းဆိုးဝါးတစ်ကောင်ကို ကိုယ်တိုင်ထိတွေ့ဖို့ကြိုးစားနေတယ်...သူဘာတွေလုပ်နေတာတုန်းဟ! "

" ဒါက ဘယ်ဇာတ်ကြောင်းလဲ? အင်း..တစ်ချက်လောက်ရှာကြည့်ရအောင်......အို 'ရေသူမမြို့'ပဲ။ ငါမှတ်မိသလောက် အဲ့ကမကောင်းဆိုးဝါးတွေက ရေသူမရုပ်ထုတွေပဲ။ မင်း သူတို့တွေနဲ့ ထိပ်တိုက်တွေ့ပြီဆိုတာနဲ့ ကူးစက်ခံရပြီပဲမှတ်။ ငါကစားတုန်းကဆိုရင် ပုန်းဖို့နေရာတောင်ရှာမတွေ့ခဲ့ဘူး..အဲ့ဒါကို သူက အဲ့နေရာကို သူ့ခြေထောက်နဲ့သူ သွားတယ်ပေါ့? ဒီ 'မရဏဟာသကမ္ဘာဧရိယာ'မှာတောင် အဲ့လိုကစားသမားမျိုး မရှိခဲ့ဖူးဘူး....."

ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်းحيث تعيش القصص. اكتشف الآن