အပိုင်း24 Part1(ဆိုင်ရမ်မြို့)
အန်ဒရီ၏အရိုးများအား ရေသူမများမှ မနေ့ညကယူသွားခဲ့ကြပြီး ဆိုင်ရမ်ပြတိုက်မှာမူ ဂျက်နှင်လူစီဟုခေါ်သော လတ်လတ်ဆက်ဆက်ယစ်ပူဇော်ခံများအား ရရှိခဲ့ကြ၏။ ယေဘူယျအားဖြင့်ပြောရပြောက ဆိုင်ရမ်ပြတိုက်တွင် ယစ်ပူဇော်ခံများ၏ခန္ဓာကိုယ်များအား ကပ်တွယ်ပြီးပါက ပြတိုက်အတွင်းမှ ထွက်ခွာသွားနိုင်သည့် ရေသူမရုပ်ထုနှစ်ခုရှိသင့်ပေသည်။ ဆိုလိုသည်မှာ အန်ဒရီ၏အရိုးများဖြင့် ရေသူမရုပ်ထုတစ်ခုပြုလုပ်ကာ ပြတိုက်ထဲရှိ လစ်လပ်သွားသော ရေသူမရုပ်ထုများနေရာ၌ အစားထိုးလိမ့်မည်ဖြစ်၏။ ထို့ကြောင့် အန်ဒရီသည် ပြတိုက်သို့သွားပြီဟု ပိုင်လျိုပြောရခြင်းဖြစ်ပေသည်။
လူစီနှင့်ဂျက်တို့၏ ရုပ်ထုများမှာမူ ယခုအချိန်အထိမထွက်ခွာသေးရပါသော်လည်း အန်ဒရီ၏ ရေသူထီးရုပ်ထုမှာမူ ပြတိုက်ထဲသို့ရောက်ရှိနေပြီဖြစ်၏။
အန်ဒရီ၏ အနောက်၌ များပြားလှသောရေသူမရုပ်ထုများရှိနေလေသည်။ ရေသူမရုပ်ထုများသည် ဗဟိုပြပွဲခန်းမအဝင်ပေါက်၌ ထူထည်းစွာဖြင့်ရှိနေကြကာ ၎င်းတို့၏မျက်နှာများမှာမူ တဖြည်းဖြည်းပိုင်လျို၏ မျက်နှာနှင့် တဖြည်းဖြည်းတူညီလာကြ၏။ သူတို့အားလုံးမှာ ပိုင်လျိုအား ကပ်တွယ်ချင်နေကြကြောင်း အလွန်ထင်ရှားပေသည်။ ပိုင်လျိုမျက်ခုံးပင့်လိုက်ပြီးနောက် အော်ဟစ်နေရင်း သူ့လက်မောင်းအား လှမ်းဆွဲချင်နေသော လူစီအား ရှောင်တိမ်းလိုက်၏။
လူစီနှင်ဂျက်အတွက်မူ ဤရုပ်ထုများမှာ အန္တရာယ်လုံးဝမရှိပါပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ရုပ်ထုများဖြစ်နေကြပြီးဖြစ်ပြီး အပြည့်အဝပြောင်းလဲနိုင်ရန်အတွက် အချိန်တစ်ခုသာလိုတော့သောကြောင့်ဖြစ်၏။ ပိုင်လျိုအတွက် ဒုက္ခအပေးဆုံးအရာမှာ ရုပ်ထုများသာမက ဂျက်နှင့်လူစီကပါ သူ့အားဆန့်ကျင်နေကြခြင်းဖြစ်၏။ သူ့အတွက် အလင်းအားပြင်းဓာတ်မီးအသုံးပြုခြင်းကိုလည်း တားမြစ်ထားသည့်အပြင် ထိုရုပ်ထုများအား အရက်စည်များကိုအသုံးပြု၍ မီးရှို့ပစ်၍လည်းမရပေ။
YOU ARE READING
ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်း
HorrorCN name : 我在惊悚游戏里封神 EN name : I Become A God In A Horror Game (GHG) Author : 壶鱼辣椒 /Pot Fish Chili Chapter : 598 chpters complete (Etran ongoing) Original publisher : jjwxc Date : (3.1.2023 /...........) အလုပ်ပြုတ်ပြီးနောက် ပိုင်လျို တစ်ယောက် မကောင်း...
