Arc1(အပိုင်း4)

1.8K 264 2
                                        

အပိုင်း4(ဆိုင်ရမ်မြို့)

စနစ်မှ ပိုင်လျိုအား သူလုပ်ဆောင်ရမည့် ပထမဆုံးတာဝန်အားပေးသော်လည်း ပိုင်လျို၏အာရုံသည် ထိုထဲတွင်မဟုတ်ပေ။"ပေါက်ဖွားခြင်းအား ရှောင်ကြဉ်ပါ"ဟူသော စာသားအားတွေးရင်းဖြင့် အတွေးထဲနစ်မြှပ်သွားလေသည်။

ပေါက်ဖွားတယ်??ရုပ်ထုတွေက သူ့ကိုပေါက်ဖွားအောင်လုပ်နိုင်တယ်လား?

ပိုင်လျို ထိုအရာအားတိတ်တဆိတ်မှတ်သားလိုက်ပြီး ကုတင်၏ဆန့်ကျင်ဘက်အခြမ်းတွင်ရှိသောရုပ်ထုများအားကြည့်ရန် လှည့်လိုက်လေသည်။ပိုင်လျိုသည် အခန်းတွင်းရှိ အကြီးဆုံးရေသူမရုပ်ထုအားတွေ့လိုက်၏။၎င်းရေသူမရုပ်ထုသည် လှပသော်လည်း သူမသည် ကြီးမားပြီးကြည်လင်သော ကြေးမုံမှန်အကြီးကြီးတစ်ချပ်အား သူမလက်ဖြင့်ထိန်းကိုင်ထားရခြင်းကြောင့်ဝမ်းနည်းနေပုံရသည်။ရေသူမရုပ်ထု၏ လှပသောလက်များသည် ကြေးမုံမှန်အားထောက်ပံပေးထားသည်။

အခန်းတွင်းရှိရုပ်ထုများအနက် ပိုင်လျိုအားကြည့်မနေသောရုပ်ထုမှာ ထိုရေသူမရုပ်ထုတစ်ခုတည်းသာဖြစ်၏။သူမသည် မှန်ထဲသို့သာ ဝမ်းနည်းနေသောအမူအယာဖြင့်ကြည့်နေလေသည်။ကြေးမုံမှန်ထဲ၌ ပိုင်လျို၏ပုံရိပ်ထင်ဟပ်နေပြီး ရေသူမရုပ်ထုသည်မှန်အားသူမ၏လက်နှစ်ဖက်ဖြင့်ထွေး‌ပွေ့ထား၏။ထိုအရာသည် မသိလျှင် သူမသည်မှန်ထဲရှိပိုင်လျိုအားထွေးပွေ့ထားသည်နှင့်တူလေပြီး သူ့အားအနည်းငယ်နေရခက်စေသည်။

ရေသူမရုပ်ထု၏မျက်လုံးများသည် မှန်မှာသာရှိနေလေသည်။သူမသည်မျက်ခုံးများအားခပ်နိမ့်နိမ့်ဆွဲထားသည်။မျက်လုံးထောင့်စွန်းလေးများသည်လဲ အောက်သို့ညွှန့်ဆင်းနေပြီး သူမ၏ငါးအမှီးမှာမူ‌မြေပြင်ပေါ်သို့အားနည်းစွာဖြင့်ဖြန့်ချထားလေသည်။ထိုသည်မှာ သူမသည်မှန်ထဲရှိလူအား အမှန်တစ်ကယ်သနားဂရုဏာသက်စွာဖြင့်ငိုကြွေးပေးနေသည်နှင့်တူသည်။ပိုင်လျိုသည် မှန်ထဲသို့စိုက်ကြည့်လိုက်ပြီး မှန်ထဲရှိသူ့ကိုယ်သူအားရှက်ရွံစွာဖြင့်ပြုံးပြလိုက်လေသည်။ပိုင်လျိုမှန်အားအဝတ်ဖြူတစ်ခုဖြင့်အုပ်လိုက်၏။

ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်းNơi câu chuyện tồn tại. Hãy khám phá bây giờ