Arc1(အပိုင်း5)

1.8K 295 9
                                        

အပိုင်း5(ဆိုင်ရမ်မြို့)

ပိုင်လျိုအလျှင်အမြန်ရပ်ကာ တံခါးအားကျောမှီထား၍သူ့ကိုယ်သူအဝတ်ဖြူဖြင့်အုပ်လိုက်သည်။

မာဘယ်ကျောက်သားနှင့်တံခါး၏ပွတ်တိုက်မိသောအသံအားသူကြားပြီးနောက်တွင် တံခါးလက်ကိုင်သည်နှစ်ကြိမ်တိတိလှုပ်သွားလေသည်။တံခါးသည် သော့ခတ်ထားပြီး လက်ကိုင်သည်မူ အပြင်ဘက်ရှိကျောက်ရုပ်ထု၏ ကြမ်းကြမ်းတမ်းတမ်းလှုပ်ဆွဲခြင်းအားခံနေရသည်။တံခါးလက်ကိုင်မှ အက်ကွဲသံများကြားနေရပြီး တံခါးမမှာလည်းလှုပ်ခါနေလေသည်။မကြာခင်အချိန်၌ တံခါးမှာပွင့်သွားတော့မည့်ပုံပင်။

ရုပ်ထုသည် အခန်းအတွင်းသို့ အတင်းကာ‌ရောဝင်ချင်နေလေသည်။သူ၏မျက်သားဖြူဖြူများဖြင့်ကြည့်၍ ပိုင်လျို၏အခန်းအတွင်း နေရာအနှံ့ရှာဖွေနေသော်လည်း တစ်စုံတစ်ယောက်ကိုတောင်ရှာမတွေ့ပေ။ထိုတခဏတွင် အခန်းအတွင်း၌ကောအပြင်၌ပါ တိတ်ဆိတ်သွားလေသည်။တံခါးလက်ကိုင်သည်လည်း ထပ်မံ၍လှုပ်ခတ်မနေတော့ပေ။တံခါးတစ်ဖက်မှ ပုဂ္ဂိုလ်သည် ထွက်သွားသည့်ပုံပေါ်သည်။

ပိုင်လျို သူ့အသက်ရှုသံအား ဆက်လက်၍ထိန်းထားလိုက်သည်။သူမှတ်မိသည်မှာ ရုပ်ထုမှလှုပ်ရှားသောအချိန်တွင် လေးပင်သောတရွတ်တိုက်ဆွဲသံများထွက်ပေါ်လာခြင်းပင်။သို့သော် ယခုအချိန်၌ မည်သည့်အသံမှမကြားရခြင်းသည် တစ်ခုခုမှားနေလေသည်။ရေသူမရုပ်ထုမှာထွက်သွားခြင်းမဟုတ်လေပဲ ပိုင်လျို၏အခန်းအပြင်တွင်စောင့်ကြည့်နေခြင်းဖြစ်သည်။

ရုပ်ထုသည် သူ့အားထွက်လာအောင် တမင်လှည့်စားနေခြင်းဖြစ်သည်။ပိုင်လျိုမျက်မှောင်ကြုတ်လိုက်လေသည်။ထို့နောက်တွင်မူ လျှောက်လမ်းမှကော်ဇောအရောင်အားရောင်ပြန်ဟပ်နေသော တံခါးချောင်းကြည့်ပေါက်သည် ရုတ်တရက်အဖြူရောင် သို့ပြန်ပြောင်းသွား၏။

ရုပ်ထုသည် ဤနေရာ၌ရှိနေဆဲဖြစ်သည်!သူသည် အချိန်ခဏကြာစောင့်ဆိုင်းပြီးသော်လည်း လက်မလျော့ပေ။အခန်းအတွင်းသို့ဝင်ချင်နေဆဲဖြစ်သည်။တံခါးလက်ကိုင်သည် ထပ်မံ၍ကြမ်းကြမ်းတမ်းတမ်းလှုပ်ဆွဲခြင်းအားခံနေရပြီး ကျိုးကျေ၍တဖြည်းဖြည်းငေါထွက်လာလေသည်။တံခါးမှပြုတ်ထွက်ရန် နည်းနည်းလေးသာလိုတော့သည်။အပြင်ဘက်ရှိရေသူမရုပ်ထုကြီးသည် အခန်းအတွင်းသို့ဝင်လာတော့မည်ဖြစ်သည်။

ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်းWhere stories live. Discover now