အပိုင်း10(ဆိုင်ရမ်မြို့)
ပိုင်လျိုသွားချင်သည့် ရေပူကန်ရှိသောအခန်းမှာ အနည်းငယ်ချောင်ကျရုံသာမက မီးသီးများမှာလဲပျက်စီးနေသောကြောင့် ဂရုတစိုက်သွားပါရန်ပြတိုက်မှူးမှ သူ့အားသတိ ပေးထားသည်။ထိုနေရာ၌ရေသူမရုပ်ထုများမှာ နေရာအနှံရှိနေသောကြောင့် ရုပ်ထုများအားမထိခိုက်မိစေရန်လဲ သူ့အားမှာကြားထား၏။ထိုစကားအားပြောသောအချိန်တွင်မူ ပြတိုက်မှူးအဖိုးအို၏မျက်နှာအမူအယာ၌ အန္တရာယ်ရှိသောအငွေ့အသက်များဖြင့်ပြည့်နေလေသည်။
ပိုင်လျို ကျောက်တိုင်ကြီးများကြားမှဖြတ်လျှောက်သွားလိုက်သည်။ပြတိုက်အတွင်းရှိကျောက်တိုင်များ၏တစ်ခုနှင့်တစ်ခုအကွာအဝေးမှာ လူနှစ်ယောက်သုံးယောက်စာလောက်ခန့်ကျယ်ဝန်း၏။လမ်းတစ်ဖက်တစ်ချက်စီတွင် ရုပ်ထုတစ်ရုပ်စီရှိလေသည်။ဤရုပ်ထုများတွင်မူ ကွဲပြားသောပုံသဏ္ဍာန်များရှိပြီး ၎င်းတို့သည်အမှီးများအားမြေပြင်ပေါ်၌ချထားလျက် မျက်နှာတွင်မူမည်သည့်အမူအယာမှရှိမနေချေ။ထို့နောက် ပိုင်လျိုသတိထားမိသွားသည်မှာ ထိုရုပ်ထုများအားလုံးသည် ပြတင်းပေါက်အပြင်ဘက်သို့သာကြည့်နေကြခြင်းဖြစ်၏။ရုပ်ထုများအားလုံးမှာ ဤနေရာမှထွက်ပြေးလွတ်မြောက်ချင်နေသကဲ့သို့ဖြစ်နေကြသည်။
ရေပူကန်မှာ စင်္ကြံလမ်းအဆုံး၌ရှိနေခြင်းဖြစ်သည်။မည်သူဖွင့်ခဲ့သလဲမသိသော်လည်း ရေပိုက်ခေါင်းသည်သူ့အလိုလိုပွင့်ထွက်နေပြီး စင်္ကြံလမ်းတစ်လျှောက်၌ရေပူများလျံကျနေလေသည်။ပိုင်လျိုစင်္ကြံလမ်း၌လျှောက်လှမ်းနေသောပုံစံမှာ မသိလျှင်သူသည် မှိုင်းပြပြပင်လယ်ပြင်ထပ်၌လျှောက်လမ်းနေပြီး သူ့အားပင်လယ်ရေအောက်၌ လှုပ်ရှားသွားလာနေသောရေသူမများမှဝိုင်းရံနေသကဲ့သို့ခံစားရစေသည်။
ပိုင်လျို ခြေလှမ်းနှစ်လှမ်းလောက်လျှောက်ပြီးသွားသောအခါ ပြတင်းပေါက်အပြင်ဘက်သို့ကြည့်နေသောရေသူမရုပ်ထု၏လည်ပင်းသည်မူမမှန်ဖြစ်လာပြီး ဦးတည်ရာပြောင်းလာလေ၏။သူ၏ အမူအယာမရှိသောဖြူဖက်ဖြူရော်မျက်နှာသည် ပိုင်လျိုရှိ နေသောဘက်သို့လှည့်လာခြင်းဖြစ်သည်။ထိုသည်သာမက ပိုင်လျို၏အဘက်ဘက်၌ရှိနေကြသော ရေသူမရုပ်ထုအားလုံးသည်လည်း သူ့အားလှည့်ကြည့်လာကြလေသည်။သူတို့အားလုံးသည် အလယ်တွင်ရှိနေသောပိုင်လျို၏အနားသို့ အလွန်မသိသာသောနှုန်းဖြင့် ချဉ်းကပ်လာကြ၏။
![](https://img.wattpad.com/cover/330978403-288-k236934.jpg)
ESTÁS LEYENDO
ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်း
TerrorCN name : 我在惊悚游戏里封神 EN name : I Become A God In A Horror Game (GHG) Author : 壶鱼辣椒 /Pot Fish Chili Chapter : 598 chpters complete (Etran ongoing) Original publisher : jjwxc Date : (3.1.2023 /...........) အလုပ်ပြုတ်ပြီးနောက် ပိုင်လျို တစ်ယောက် မကောင်း...