အပိုင်း19(ဆိုင်ရမ်မြို့)
ပိုင်လျို သူ မတုန့်ပြန်နိုင်မှီ ယိမ်းထိုးနေသောလှေပေါ်၌ အချိန်အကြာကြီး ရပ်ကာ ထိုအဖြစ်အပျက်အား ကြည့်ရှုနေလေသည်။ " အို....ဒါပဲလေ။ သင်္ဘောပေါ်မှာ ကူးစက်ခံလိုက်ရပြီး စိတ်ပိုင်းဆိုင်ရာအမှတ်တွေကျကုန်တဲ့ ဒီလိုရူးသွပ်စရာကောင်းတဲ့ အခြေအနေမျိုးကိုမရောက်ခင်တုန်းက........ငါ လှေပေါ်ကိုမတက်ခင်ထဲက ကြိုတင်ပြင်ဆင်မူတွေကိုလုပ်ခဲ့တာပဲ။ ငါ ဘာတစ်ခုမှ လုပ်စရာမလိုပဲနဲ့ဝောာင် အန်ဒရီကို အနိုင်ယူနိုင်တယ်။ "
Tvအသေးလေးအပေါ်ရှိ ပိုင်လျိုသည် သူစကားပြောပြီးသည့်အခါ၌ အနည်းငယ်အေးသွားသကဲ့သို့ ခံစားလိုက်ရသောကြောင့် သူ့ကိုယ်သူ စောင်ဖြင့်ခြုံလိုက်လေသည်။ သူသည် စောင်အောက်ထဲသို့ တိုးဝင်လိုက်ကာ ပွဲအား စိတ်အားထက်သန်စွာဖြင့် ထိုင်ကြည့်နေလေတော့သည်။ ထို့နောက် သူသည် အနည်းငယ် အိပ်ငိုက်နေသောကြောင့် လှေပေါ်၌ မှိန်းနေလေသည်။
Tvအသေးလေးရှေ့၌ ကြည့်ရှုနေသောသူများ "................"
သူလှေပေါ်မတက်ခင်တုန်းက ဘာလုပ်ခဲ့တာလဲ!!!! ဘာလို့ အန်ဒရီက ရုတ်တရက်ကြီး သေသွားရတာလဲ!!!!
ဝမ်ရွှမ်းသည် ငါးဖမ်းသမားများမှ အန်ဒရီကို စားသောက်နေခြင်းအား မြင်နေရပြီး သူ၏ သိချင်စိတ်များမှာလဲ သူ့နှလုံးသားထံသို့ ကုတ်ခြစ်နေလေသည်။ သူသည် ဤကဲ့သို့ ငါးဖမ်းသမားများမှ အန်ဒရီအား သတ်ဖြတ်စားသောက်သည့်ဖြစ်စဉ်အား တစ်ခါမှ မြင်တွေ့ဖူးပါချေ။ သူသည်လည်း ပိုင်လျိုအား ဖမ်းကိုင်ကာ ထိုသူရဲ့စိတ်ကိုဖွင့်ကြည့်၍ ဤပုဂ္ဂိုလ်သည် သူတို့တွေမသိလိုက်ခင် ဘာလုပ်ခဲ့သလဲဆိုသည်အား ကြည့်ကြည့်၍ မရပေ။
" သူ လှေပေါ်ကိုမတက်ခင် တစ်ခုခု လုပ်ခဲ့တယ်!!!! "
သူ့ဘေးနားရှိ ကစားသမားသည်လည်း အလွန်သိချင်စိတ် ပြင်းပြနေလေသည်။ ထိုသူသည် မျက်လုံးကိုမှိတ်၍ စဉ်းစားလိုက်၏။ " ခဏလေး......ကျွန်တော်စဉ်းစားပါရစေ။ ပုံမှန်ဖြစ်စဉ်အတိုင်းပဲ....သူတို့တွေက ငှားထားတဲ့ ကားသမားရဲ့ ကားနဲ့ ဒီကိုလာကြတယ်။ သူက ကားသမားကို ပိုက်ဆံပေးပြီးတဲ့နောက်မှာ သင်္ဘောပေါ်ကို တက်လိုက်တယ်။ အဲ့မတိုင်ခင်တုန်းက ကားသမားက သူတို့ရဲ့ လောင်းကစားအတွက် နေရာနဲ့ ပစ္စည်းတွေကို ပြင်ဆင်ပေးမယ်လို့ ပြောခဲ့တယ်!!!!! "
ВЫ ЧИТАЕТЕ
ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်း
УжасыCN name : 我在惊悚游戏里封神 EN name : I Become A God In A Horror Game (GHG) Author : 壶鱼辣椒 /Pot Fish Chili Chapter : 598 chpters complete (Etran ongoing) Original publisher : jjwxc Date : (3.1.2023 /...........) အလုပ်ပြုတ်ပြီးနောက် ပိုင်လျို တစ်ယောက် မကောင်း...
