အပိုင်း6(ဆိုင်ရမ်မြို့)
ပိုင်လျိုမှာမူ ထိုဆွေးနွေးမူများအကြောင်းမသိပေ။သူ့အာရုံအား အခြားတစ်ခုမှလျှင်လျှင်မြန်မြန်ဆွဲဆောင်သွား၏။ပိုင်လျို ဂျက်အားမြင်လိုက်ခြင်းဖြစ်သည်။ဂျက်သည်လှေကားအောက်၌ပုန်း၍ လူတစ်ယောက်နှင့်စကားပြောနေခြင်းဖြစ်သည်။ထို့နောက်တွင်မူ သူပြန်ထွက်လာခဲ့၏။
ဂျက်သည်ညသန်းခေါင်အချိန်တွင် တိတ်တဆိတ်ခိုးထွက်ခဲ့ပြီးနောက် ယခုအချိန်တွင်သူ့အခန်းသူပြန်လာခဲ့ခြင်းဖြစ်သည်။ပိုင်လျိုသည် လှေကားထိပ်မှမြင်ကွင်းကောင်းကောင်းမြင်တွေ့ရသောထောင့်တွင်ရှိနေခဲ့ခြင်းဖြစ်ပြီး ထို့ကြောင့် သူသည်ဂျက်အနောက်ဘက်ရှိသူမှာ မည်သူဖြစ်သည်အားတွေ့လိုက်ရ၏။ထိုလူမှာအရပ်ရှည်ပြီး သူတို့အားလိုက်ပို့ပေးခဲ့သောကားသမားနှင့်တူညီသောအဝတ်အစားအားဝတ်ဆင်ထားလေသည်။
သူတို့နှစ်ယောက်အားကြည့်ရသည်မှာ တစ်စုံတစ်ခုအားတိုးတိုးတိတ်တိတ်ဆွေးနွေးနေပုံရသည်။ဂျက်သည်လည်း ကားသမားအားအရောင်စုံလင်လှသောပစ္စည်းများအားပေး၍ စကားအချို့အားပြောနေ၏။ပိုင်လျို၏ထင်မြင်ချက်အတိုင်းမှန်ကန်ခဲ့လျှင် ဂျက်သည်ကားသမားအားပေးနေသောပစ္စည်းများမှာဒီဘက်ကမ္ဘာ၏ငွေဖြစ်နိုင်သည်။
[သင်သည် ဇာတ်ကောင်၏ဖုံးကွယ်ထားသောဇာတ်ရုပ်ဖြစ်သော အရန်ဇာတ်ကြောင်းအားစိတ်ဝင်တစားဖွင့်လိုက်ပါပြီ : ဂျက်၏သွေးထွက်သံယိုကြံစည်မူ။]
[အရန်ဇာတ်ကြောင်းတစ်ခုလုံးအားရှာဖွေပြီး အမှတ်50ကိုရယူလိုက်ပါ။ယခုလက်ရှိအရန်ဇာတ်ကြောင်း၏တိုးတက်မူမှာ15%ဖြစ်ပါတယ်။]
ပိုင်လျို မျက်လုံးအားဖြည်းညှင်းစွာဖြင့်ကျဉ်းမြောင်းလိုက်၏။ထို့နောက်သူသည် အင်္ကျီကော်လံအတွင်းသို့လက်လှမ်းလိုက်ပြီး ထိုအထဲရှိအလယ်တွင်အပေါက်ပါသောကြွေပြားစေ့အားထုတ်လိုက်သည်။ပိုင်လျို ကြွေပြားစေ့အား ကားသမားဘက်သို့မြှောက်လိုက်သောအခါတွင် ဇာတ်ကောင်မိတ်ဆက်ဘောင်တစ်ခုပေါ်လာလေသည်။
[NPC : ကားသမား]
[ဇာတ်ကောင်အချက်အလက် : သင့်အားဆိုင်ရမ်မြို့သို့ခေါ်လာခဲ့သောကားသမားဖြစ်ပါသည်။ကားသမားအားဂျက်မှငှားရမ်းခဲ့ပြီး ထိုသူသည်မြို့အကြောင်းကောင်းကောင်းနားလည်ပါသည်။ဤလူ့ထံတွင် မီးရှို့မူနှင့်လုယက်မူများလုပ်ခဲ့သော ရာဇဝတ်မှုမှတ်တမ်းများရှိပါသည်။]
ESTÁS LEYENDO
ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်း
TerrorCN name : 我在惊悚游戏里封神 EN name : I Become A God In A Horror Game (GHG) Author : 壶鱼辣椒 /Pot Fish Chili Chapter : 598 chpters complete (Etran ongoing) Original publisher : jjwxc Date : (3.1.2023 /...........) အလုပ်ပြုတ်ပြီးနောက် ပိုင်လျို တစ်ယောက် မကောင်း...
